ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Deng Xijun အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည်    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး  Mr. Deng Xijun အား ယနေ့ မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန၌   လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်  ရှိရင်းစွဲ  ဆွေမျိုး ပေါက်ဖော်      ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးတက်ခိုင်မာရေး၊      မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်  တည်ငြိမ်ရေး ကို      ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ငန်းစဉ်နှင့်    ပတ်သက် ၍   နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊   မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး     ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံ မှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ် များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ အထူးသဖြင့် အာဆီယံ နှင့်    ကုလသမဂ္ဂမျက်နှာစာတွင် နှစ်နိုင်ငံအကြား    ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး  ကိစ္စ ရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး     အမြင်ချင်းဖလှယ်ခဲ့ သည်။ 


သတင်းစဉ်