ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၂၄


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား - မြန်မာ  ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ   မစ္စတာဗစ်တလီ ဆိုလိုနက်စကိုင်း  ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့် မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့ အား ယနေ့  နံနက်  ၁၀  နာရီခွဲ တွင်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ်    မြန်မာ-ရုရှား  နှစ်နိုင်ငံကြား  ချစ်ကြည် ရင်းနှီးသောဆက်ဆံရေး မြှင့်တင် ရေး၊ ပြည်သူအချင်းချင်း အပြန် အလှန်   ထိတွေ့မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှု၊  ပညာရေး  စသည့် ကဏ္ဍများတွင်     ပူးပေါင်း ဆောင်ရွက်မှု   ပိုမိုတိုးမြှင့်ရေး၊  ရုရှားဖက်ဒရေးရှင်း      နိုင်ငံရှိ   မော်စကိုနိုင်ငံတကာဆက်ဆံရေး   တက္ကသိုလ်     (Moscow State Institute   of   International   Relations)၊      ရုရှားပြည်သူ့ ချစ်ကြည်ရေးတက္ကသိုလ်   (Peo-ple’s Friendship University of Russia)၊  Pushkin   ပြည်နယ်    ရုရှားဘာသာစကား အင်စတီကျု (The Pushkin State Russian Language Institute)  စသည့် တက္ကသိုလ်များမှ     မြန်မာပညာ တော်သင်များ   ပိုမိုတိုးချဲ့ခေါ်ယူ ရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင်  Think Tanks   အဖွဲ့အစည်းများ နှင့်    ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်ရေး၊  နိုင်ငံတကာမျက်နှာစာ တွင် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုမြှင့်တင်ရေး    ကိစ္စရပ် များအပေါ်       အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့      နိုင်ငံခြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်  အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြ ပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ   မစ္စတာ  ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကို နိုင်ငံ တကာ ဆက်ဆံရေးတက္ကသိုလ်၊ ရုရှား    ပြည်သူ့ချစ်ကြည်ရေး တက္ကသိုလ်တို့မှ ဒုတိယပါမောက္ခ ချုပ်များ၊    Pushkin    ပြည်နယ်  ရုရှားဘာသာစကား  အင်စတီကျု မှ   နိုင်ငံတကာရေးရာ   ဌာနမှူးနှင့်    The Alexander Gorchakov Public  Diplomacy Fund    မှ  ဒုတိ ယ      အမှုဆောင်ဒါရိုက်တာတို့ တက်ရောက်ကြကြောင်း     သိရ သည်။                    

သတင်းစဉ်