ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်

နေပြည်‌တော် ဩဂုတ် ၅ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Honourable Marc Garneau တို့က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ မျှော်မှန်းထား အာဆီယံ-ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိ ကြောင်းနှင့် အာဆီယံအနေဖြင့် ကနေဒါ နိုင်ငံနှင့် ဆွေးနွေးဖက်ဆက်ဆံရေး မြှင့်တင် နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် အသီးသီးတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး မျှော်မှန်းထားကြောင်း၊ အာဆီယံနိုင်ငံများ နှင့် ကနေဒါနိုင်ငံတို့သည် ကိုဗစ်-၁၉ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြရပြီး ကနေဒါ နိုင်ငံမှ အာဆီယံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ကနဦးလုပ်ငန်းစဉ်များသို့ ထောက်ပံ့ပေးခြင်းနှင့် အထူးသဖြင့် ကိုဗစ်-၁၉ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေသို့ ပံ့ပိုးလှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ကနေဒါအနေဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် သုံးခုတွင် သာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကဲ့သို့ အာဆီယံ၊ ကနေဒါနိုင်ငံနှင့် အထူးသဖြင့် CLMV နိုင်ငံ များအတွက် အရေးပါသည့် အခြားကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မျှော်မှန်းကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံများကိုယ်စား ASEAN Common Statement ကို ဖတ်ကြားခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် ကနေဒါနှင့် မြန်မာနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၂၀၂၁-၂၀၂၄ ကာလအတွက် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေး နိုင်ငံအဖြစ် တာဝန်ယူမည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးမှုများသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေးကို မြှင့်တင်ရန် နည်းလမ်းများကို ပြသပေးနိုင် ကြောင်း၊ အာဆီယံအနေဖြင့် ဒေသတွင်း အေးချမ်းသာယာဝပြောရေး၊ အပြန်အလှန် အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများတွင် ကနေဒါနှင့်နီးကပ်စွာ လက်တွဲဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ နှင့် ကနေဒါနိုင်ငံတို့သည် ကာလရှည်ကြာ သည့် ဆက်ဆံရေးကောင်းများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများ တွင် ကနေဒါနိုင်ငံမှ ပူးပေါင်းဆောင်ရွက် မည်ဟု မျှော်လင့်ကြောင်း ပြောကြားပြီး အာဆီယံတူညီဆန္ဒ(၅) ချက်နှင့်စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof အား အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြု ချက်ကို ကြိုဆိုခဲ့ကြောင်းနှင့် အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂)နှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် ၎င်း၏ စွမ်းဆောင်ရည် ကို ယုံကြည်မျှော်လင့်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် အာဆီယံ-ကနေဒါနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ဆက်လက်ကျင်းပသည့် အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး H.E. PRAK Sokhonn နှင့် နယူးဇီလန်နိုင်ငံခြားရေး ဝန်ကြီး H.E. Nanaia Mahuta တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင် ကျင်းပသည်။ ဆွေးနွေးပြောကြား အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် နယူးဇီလန်နိုင်ငံ၏ အစဉ်တစိုက် ကူညီ ထောက်ပံ့မှုများ၊ အထူးသဖြင့် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်မှတစ်ဆင့် ပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့ကို ကပ်ရောဂါ အလွန်ကာလတွင် တိုးမြှင့်နိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးတွင် နယူးဇီလန်နိုင်ငံ၏ ထည့်ဝင်အကျိုးပြုမှုများကို အသိအမှတ် ပြုကြောင်းနှင့် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်နိုင်ရေး တိုးမြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၃ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည့် ဗြိတိန်နိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံကြောင်း ကြိုဆိုသည့်အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် မွန်းလွဲပိုင်းတွင် ကျင်းပသော “မဲခေါင်မြစ်မိတ်ဆွေနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်” ၏ ပထမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ သည်။ အစည်းအဝေးကို အမေရိကန်နိုင်ငံ က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပ သမဂ္ဂ၊ မဲခေါင်မြစ်ကော်မရှင် အတွင်းရေး မှူးရုံးနှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြပြီး အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့က လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက မဲခေါင်မြစ် မိတ်ဆွေနိုင်ငံ များ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်ရာတွင် ညှိနှိုင်း ဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ လုပ်ငန်း စဉ်အား အကောင်အထည်ဖော်ရာတွင် မဲခေါင်-အမေရိကန် အစည်းအဝေးများ၌ အပြန်အလှန် လေးစားရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေးစသည့် စည်းမျဉ်းစည်းကမ်း များ လေးစားဆောင်ရွက်ရန် အရေးကြီး ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကို ကူးစက်မှုများနေသည့် နိုင်ငံများရရှိ ရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများအား ဖြေရှင်း ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်