ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်  ဩဂုတ်   ၂

 


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီတွင်  ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် (၅၄) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။  
(၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး(၂)  H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အစည်းအဝေး သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

 


အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်ရေး ၂၀၂၁ ခုနှစ် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ၊ အရှေ့တောင်အာရှချစ်ကြည် ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင်  ပြင်ပနိုင်ငံများက  ပါဝင် လက်မှတ်ရေးထိုးမည့်ကိစ္စ၊  ဒေသတွင်း ဗိသုကာပုံစံနှင့်  အာဆီယံပြင်ပ ဆက်ဆံရေး၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများအဖြစ်လျှောက်ထား သည့်ကိစ္စ၊  အာဆီယံခေါင်းဆောင်များအစည်းအဝေး၏ ဆုံးဖြတ်ချက် များ အကောင်အထည်ဖော်မှုဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို  အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

 


အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ယခုနှစ်တွင်  ဖော်ဆောင်လျက်ရှိသည့်  အာဆီယံဥက္ကဋ္ဌ၏  ဦးစားပေး လုပ်ငန်းစဉ်များနှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးစာချုပ်တွင်  ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စ၊  အာဆီယံ၏  ဆွေးနွေးဖက်/ မိတ်ဖက်များအဖြစ်  လျှောက်ထားသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက (၅၄) ကြိမ်မြောက်  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးစီစဉ် ကျင်းပသည့်   အာဆီယံအလှည့်ကျဥက္ကဋ္ဌ  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof ကို ကျေးဇူး တင်ရှိကြောင်း ဖော်ပြလျက် ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကြောင့်  အာဆီယံဒေသအပါအဝင် ကမ္ဘာကြီးနှင့် နိုင်ငံအများအပြားတွင် ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေး နှင့် လူမှုရေးတို့တွင် ထိခိုက်မှုများဖြစ်ပွားစေခဲ့ကာ ကူးစက်ပြန့်ပွားမှုအသစ်များကြောင့်  အခက်အခဲများကို  ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက  ဒေသတွင်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို  ထိန်းချုပ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို  ကာကွယ်တိုက်ဖျက်ရန်  ယခင်နှစ်ကပင် စတင်ခဲ့သည့်  အာဆီယံ၏  စုစည်းကြိုးပမ်းမှုများကို  ဝမ်းမြောက်စွာ တွေ့ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အာဆီယံတုံ့ပြန်မှုရန်ပုံငွေတွင် မြန်မာနိုင်ငံ၏ ပံ့ပိုးပါဝင်မှု၊ အလုံးစုံစီးပွားရေးပြန်လည်ထူထောင်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  ပြည်သူများ၏  ကျန်းမာသည့်လူမှုဘဝ ရရှိရေးတို့ကို ကြိုးပမ်းဖော်ဆောင်လျက် အာဆီယံ၏ အဓိကဦးတည်ချက် ဖြစ်သည့်  အာဆီယံအသိုက်အဝန်းထူထောင်ရေးကို  ထိန်းသိမ်းဖော် ဆောင်ရေး၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား  ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက် သာတူညီမျှရှိရေး၊ စုစည်းညီညွတ်ရေး၊ အပြန်အလှန်လေးစားမှုရှိရေးနှင့်  နိုင်ငံတစ်နိုင်ငံ၏  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး စသည့်မူများကို  လိုက်နာခြင်း၊  အပြန် အလှန်ဂရုစိုက်ခြင်းနှင့် မျှဝေခြင်းကဲ့သို့သော အာဆီယံစိတ်ဓာတ်များကို အလေးထားကာ   အတူတကွလက်တွဲဆောင်ရွက်ခြင်းဖြင့်  တစ်ဦး တစ်ယောက်မျှပင်  မကျန်ရစ်စေဘဲ  အားလုံးပါဝင်သည့်  အာဆီယံ အသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြား ခဲ့သည်။  DELSA satellite warehouse ကို   ပိုမိုထိရောက်စေရေး ပံ့ပိုးပေးရန်   တိုက်တွန်းအားပေးခဲ့ပြီး  ASEAN SHIELD  မှတစ်ဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်    အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေရရှိရေးတွင် အာဆီယံနိုင်ငံများမှ ပြည်သူများအတွက် သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်ရန်    ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုကို ကြိုဆိုခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ရောဂါ နှင့်စပ်လျဉ်း၍  လူသားချင်းစာနာထောက်ထားမှု  အကူအညီပေးအပ် နိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ အဆိုပြုမှုအပေါ် ဆောလျင် စွာ တုံ့ပြန်ဆောင်ရွက်ပေးသည့်အတွက် အာဆီယံဥက္ကဋ္ဌကို ကျေးဇူးတင် ရှိကြောင်း၊   ကိုဗစ်-၁၉ ရောဂါ ကုသမှုတွင်  အကူအညီဖြစ်စေရန် အောက်ဆီဂျင်စက်များ၊ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာတုံ့ပြန်နိုင် ရေးအတွက် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြား ကာကွယ်ရေးပစ္စည်းများကို  ကူညီပံ့ပိုးပေးလျက်ရှိသည့် နိုင်ငံအချို့ကို ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်  ကာကွယ်ဆေး၊  ဆေး ဘက်ဆိုင်ရာ  အထောက်အပံ့ပစ္စည်းများ၊  နည်းပညာပံ့ပိုးမှုများနှင့် ရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် ပြည်သူများကိုကူညီရန်  လူသား ချင်းစာနာထောက်ထားမှု   အကူအညီပေးရေးဆိုင်ရာ  အထောက်အပံ့ ပစ္စည်းများကို လိုအပ်နေသေးကြောင်း အစည်းအဝေးသို့  အသိပေး ပြောကြားခဲ့သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၃) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးနှင့် အသိုက်အဝန်းကောင်စီအစည်းအဝေး၊ အာဆီ ယံနိုင်ငံခြားရေးဝန်ကြီးများနှင့်     အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊    (၂၉)  ကြိမ် မြောက်   အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့် အရှေ့တောင်အာရှ     နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။ 

 


အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ ကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။      

 

 

  သတင်းစဉ်