ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Virtual အစီအစဉ်ဖြင့်ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

 

နေပြည်တော်    ဧပြီ   ၈


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည်   ယနေ့နံနက် ၇ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံက    အိမ်ရှင်အဖြစ်     Virtual စနစ်ဖြင့် ကျင်းပသည့်   (၂၆) ကြိမ်မြောက်    အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊   (၈) ကြိမ် မြောက်   အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်   ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့်    ဆက်စပ်အစည်း အဝေးများသို့ နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

 


ဘဏ္ဍာရေးဝန်ကြီးများ     အစည်းအဝေးတွင် အာဆီယံနိုင်ငံများအနေဖြင့်   ကိုဗစ်-၁၉  ကမ္ဘာ့ကပ် ရောဂါအလွန်ကာလတွင်      ရေရှည်ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ်   တိုးတက်မှုရရှိစေနိုင်သော  အားလုံး ပါဝင်ဆောင်ရွက်သွားရမည့်      နည်းလမ်းများအား ရှာဖွေဖော်ထုတ်နိုင်ရေး၊  ကမ္ဘာလုံးဆိုင်ရာ မသေချာမှု များရှိနေသော်လည်း   အာဆီယံအသိုက်အဝန်းအား ညီမျှသော၊     ခိုင်မာသော၊    အားလုံးပါဝင်မှုရှိသော ရပ်ဝန်းတစ်ခုအဖြစ်   ဖော်ဆောင်နိုင်ရေးတို့အတွက် အာဆီယံဘဏ္ဍာရေး   ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

 


အာဆီယံဘဏ္ဍာရေး    ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အတွက်  ဘဏ္ဍာငွေရရှိနိုင်ရေး၊ အာမခံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊  အာဆီယံ သဘာဝဘေး စီမံခန့်ခွဲမှုအတွက်  ဘဏ္ဍာငွေရရှိနိုင်ရေး၊    အာဆီယံ အကောက်ခွန်နှင့်   အခွန်ဌာနများအကြား   ပူးပေါင်း ဆောင်ရွက်ရေး၊  အာဆီယံဒေသတွင်း ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ငွေကြေး ပံ့ပိုးနေမှုများကို   ပူးပေါင်းတိုက်ဖျက်ရေး  စသည်တို့ ပါဝင်သည်။

 


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို တုံ့ပြန် ဆောင်ရွက်ရာတွင်    တစ်နိုင်ငံချင်းအလိုက်   သော် လည်းကောင်း၊    အာဆီယံဒေသအလိုက်   သော် လည်းကောင်း           တုံ့ပြန်ဆောင်ရွက်ကြသကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့်     နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်     ပူးပေါင်း၍ လည်း         တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း      ဘဏ္ဍာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှု၊       ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ဖြေလျှော့ပေးမှုများနှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာ သည့်    တိုးတက်မှုများ  ရှိပါကြောင်း၊     ASEAN Framework Agreement on Service နှင့် စပ်လျဉ်း ၍  ဘဏ္ဍာရေးဝန်ဆောင်မှုများ    ဖြေလျှော့ပေးရေး ဆိုင်ရာ နဝမအကျော့ ကတိကဝတ်များ အတည်ပြုသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်တွင်    မြန်မာနိုင်ငံမှ လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။

 


မြန်မာအစိုးရအနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ၏သက်ရောက်မှုကြောင့် ထိခိုက်မှုများကို ကုစား နိုင်ရန် မူဝါဒအစီအမံများချမှတ်၍ တုံ့ပြန်ဆောင်ရွက် လျက်ရှိကြောင်း၊  ယခုနှစ်တွင်    နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန်     ဆောင်ရွက်သွားမည် ဖြစ်ပြီး  နိုင်ငံတွင်း  ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက် မှုနှုန်း   ကျဆင်းလာမှု၊   ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာမှု၊ ယခင်ကထက်  ပိုမိုတည်ငြိမ်လာမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုတို့ကြောင့် ယခုဘဏ္ဍာရေးနှစ်တွင်    သင့်တင့်သော  စီးပွားရေး တိုးတက်မှုနှုန်းရရှိလာမည်ဟု   မျှော်လင့်ကြောင်း၊ ကိုဗစ်-၁၉  ကပ်ရောဂါ၏      စိန်ခေါ်မှုများအတွက်  ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို    ဆောင် ရွက်ကြရာတွင်   ထိရောက်သည့်   ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်များအတွက်   လုံလောက်သည့် ဘဏ္ဍာရေးပံ့ပိုးမှုများအပါအဝင် စီးပွားရေးပြန်လည် ထူထောင်ရေးဆိုင်ရာအစီအစဉ်များ        အကောင် အထည်ဖော်ရေးအတွက်    အာဆီယံ၏မိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့်    နီးကပ်စွာ   ပူးပေါင်းဆောင်ရွက် ရေးသည်     အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အတွက်  အရေးကြီးသည့်  အခန်းကဏ္ဍဖြစ်ကြောင်း၊ နီးကပ်စွာ   ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါ၏   သက်ရောက်မှုများကို   အာဆီယံ၏ စုပေါင်းအားဖြင့်   ကျော်လွှားနိုင်မည်ဟု   ယုံကြည်ပါ ကြောင်းနှင့်     အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကောင်းများ ဖန်တီး ပေးနိုင်ရေးကို  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 


အဆိုပါအစည်းအဝေးနှင့်အတူ   ဆက်စပ်အစည်း အဝေးများအဖြစ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် အကြီးအကဲများနှင့်     နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများဖြစ်ကြသည့်          ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊  အာရှအခြေခံ အဆောက်အအုံနှင့် ရင်းနှီး မြှုပ်နှံမှုဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေ သနရုံးတို့နှင့်   အစည်းအဝေး၊  ASEAN Business Advisory Council    နှင့်   US-ASEAN Business Council, EU-ASEAN Business Council   တို့နှင့် အစည်းအဝေးများကိုလည်း ကျင်းပသည်။ 

 


ဆက်စပ်အစည်းအဝေးများတွင်     ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ အခွင့်အလမ်းများနှင့်   ဆုံးရှုံးနိုင်ခြေ ရှိမှုများ၊   ပြန်လည်ထူထောင်ရေး   အစီအစဉ်များ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင်   ဒေသ တွင်း          လူ့စွမ်းအားနှင့်အရင်းအမြစ်များအား ထိရောက်စွာ   ခွဲဝေအသုံးချရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်ရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာမိတ် အဖွဲ့အစည်းများ၊  ဒေသတွင်းနှင့် နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို    အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


အစည်းအဝေးသို့   အာဆီယံနိုင်ငံများမှ  ဘဏ္ဍာ ရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများမှ   ဥက္ကဋ္ဌများနှင့်    အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည်     ဧပြီ ၇ ရက် နံနက်ပိုင်းက  အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံ  စီးပွားရေး နှင့်    ဘဏ္ဍာရေးဝန်ကြီးဌာနက   စီစဉ်ကျင်းပသော ကိုဗစ်-၁၉ ကပ်ရောဂါအလွန်  စီးပွားရေး ပြန်လည် ထူထောင်မှုအတွက်   ဘဏ္ဍာရေးအရင်းအမြစ်များ ခွဲဝေသုံးစွဲရေးကို ဦးတည်ဆောင်ရွက်မည့် စဉ်ဆက် မပြတ်     ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုဆိုင်ရာ Showcase Event သို့လည်း အခြား အာဆီယံနိုင်ငံ များမှ      ဘဏ္ဍာရေးဝန်ကြီးများနှင့်အတူ  ပါဝင် တက်ရောက်ခဲ့သည်။

 


ယင်းအစီအစဉ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် ထိခိုက်ခံခဲ့ရသည့်  အာဆီယံဒေသ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနှင့် ကုန်သွယ်မှုပြန်လည် တိုးမြှင့်နိုင်ရေးအတွက်  ပိုမိုဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်    ဘဏ္ဍာရေးအရင်းအမြစ်များ   ရှာဖွေ ဖော်ထုတ်အသုံးချနိုင်ရေးနည်းလမ်းများကို   ဘဏ္ဍာ ရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


လာမည့် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် (၂၇) ကြိမ် မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ   အစည်း အဝေးနှင့်   ဆက်စပ်အစည်းအဝေးများကို   အိမ်ရှင် အဖြစ် အလှည့်ကျသည့်  အင်ဒိုနီးရှားနိုင်ငံက လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်သည့် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ အစည်းအဝေးများကို “ASEAN A.C.T.: Addressing Challenges Together”   ဆောင်ပုဒ်ဖြင့်   ကျင်းပ လျက်ရှိကြောင်း သိရသည်။

              

သတင်းစဉ်