
နေပြည်တော် မတ် ၂၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဥရောပ အာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွား ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူး ချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်ဖက် ဘဏ်များအချင်းချင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ် များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများလည်း ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်