ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ   ၇


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အိန္ဒိယချေးငွေ များဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှု၊   နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် ငွေကြေးများဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြကြောင်း   သိရ သည်။      

 

သတင်းစဉ်