ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေး

နေပြည်တော်     ဩဂုတ်   ၆

 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်သည်  ယနေ့နံနက် ၁၁ နာရီတွင်  နေပြည်တော်ရှိ   မြန်မာ့စီးပွားရေးဘဏ်  (ရုံးချုပ်)၊  ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့  လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ  မြန်မာ့ စီးပွားရေးဘဏ်တို့သို့  သွားရောက်၍  ဘဏ်များ၌ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရဌာန အဖွဲ့အစည်းများသို့    လစာနှင့်   အသုံးစရိတ်များ ထုတ်ပေးနေမှုနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။ 


ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ         ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်   မြန်မာ့စီးပွားရေးဘဏ်  (ရုံးချုပ်)သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍  လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဌာနအကြီးအကဲများ နှင့်တွေ့ဆုံ၍   ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ မှာကြားသည်။
မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)  သည် ဝန်ကြီးဌာန၊  ဦးစီးဌာနနှင့်   တပ်ရင်းတပ်ဖွဲ့များသို့ လစာထုတ်ပေးမှုနှင့် အသုံးစရိတ်များထုတ်ပေးနေမှု များကို ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ စ၍ သီးခြားကောင်တာများဖွင့်လှစ်ပြီး  ဆောင်ရွက် ပေးလျက်ရှိသည်။


ထို့ပြင် ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများ၏ ငွေစုဘဏ်အပ်ငွေ၊  စာရင်းရှင်အပ်ငွေ၊  စာရင်းသေ အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ စသည့်အပ်ငွေအမျိုးမျိုးကို  လက်ခံခြင်းနှင့် ချေးငွေအမျိုးမျိုးကို ထုတ်ချေးခြင်း၊ ပြည်တွင်းပြည်ပငွေလွှဲလုပ်ငန်းများကို  ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်သူများ ငွေသွင်း၊ ငွေထုတ် မှုများကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ် ရေး   လမ်းညွှန်ချက်များနှင့်အညီ   လုံခြုံစိတ်ချမှု အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ာ၌  ရုံးပိတ်ရက်ရှည်  ကာလအတွင်း  ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေများကြားမှ  ဘဏ်ဝန်ထမ်း များအနေဖြင့်  ပင်စင်လစာများနှင့်   ဝန်ထမ်းလစာ များကို အဆင်ပြေစွာထုတ်ပေးနိုင်ရေးအတွက် အချိန်  နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ စီးပွားရေးလုပ်ငန်းများ     စဉ်ဆက်မပြတ်လုပ်ကိုင် နိုင်ရန် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်     အဖွဲ့အစည်းများသို့ ဘဏ်လုပ်ငန်းများ   ပုံမှန်ဆောင်ရွက်ပေးနေမှုများ အတွက်  ဘဏ်ဝန်ထမ်းများအား  အသိအမှတ်ပြု ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း  တာဝန်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး     လမ်းညွှန်ချက်များနှင့်အညီ    တာဝန်ကျေပွန်စွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ဝန်ထမ်း များ၏ လိုအပ်ချက်များကို ရုံးချုပ်မှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။ 


ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်တို့သို့  ဆက်လက်သွားရောက်ခဲ့ပြီး  ဘဏ်လုပ်ငန်းဆောင်ရွက်မှု        အခြေအနေများ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည်များအား လမ်းညွှန် မှာကြားခြင်း၊    လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများ    ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                          

 

 

သတင်းစဉ်