ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၂၅) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်    မေ   ၁၂


စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည်       ယနေ့နံနက် ၈ နာရီခွဲတွင်      တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်    ကမ္ဘောဒီးယား နိုင်ငံ    ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲ        သဘာပတိများအဖြစ် တာဝန်ယူ  ဆောင်ရွက်သော (၂၅) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာ ရေးဝန်ကြီးများနှင့်       ဗဟိုဘဏ် ဥက္ကဋ္ဌများ    အစည်းအဝေးသို့ Virtual    အစီအစဉ်ဖြင့်   တက် ရောက်သည်။

 


ညှိနှိုင်းဆွေးနွေး


အစည်းအဝေးတွင်    ကိုဗစ်-၁၉ ကပ်ရောဂါအလွန်၌  အားလုံး ပါဝင်          ဆောင်ရွက်ကြမည့် ပြန်လည်    ထူထောင်ရေးအစီအစဉ် များနှင့်စပ်လျဉ်း၍      ကမ္ဘာလုံး ဆိုင်ရာနှင့်  ဒေသဆိုင်ရာ မက်ခရို စီးပွားရေး  ရှုမြင်သုံးသပ်ချက်များ နှင့်    ဦးစားပေးဆောင်ရွက်သင့် သည့်   မူဝါဒများ၊    အာဆီယံ+၃ နိုင်ငံများ   ပါဝင်ဆောင်ရွက်လျက် ရှိသော       ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုများ     ဖြစ်ကြသည့် အာဆီယံ+၃   မက်ခရိုစီးပွားရေး သုတေသနရုံး            (ASEAN+3 Macroeconomic        Research Office – AMRO) ၏    လုပ်ငန်း တိုးတက်မှု၊         AMRO ရုံးအား Regional    Knowledge    Hub အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှု၊ ဇင်းမယ်အစီအစဉ်တွင်           နိုင်ငံစုံ ပါဝင်လာရေး          (Chiang Mai Initiative    Multilateralisation – CMIM)  လုပ်ငန်းအစီအစဉ်အရ အကောင်အထည်ဖော်    ဆောင် ရွက်လျက်ရှိသည့်    လုပ်ငန်းစဉ် များ၏ တိုးတက်မှု၊ အာရှငွေချေး စာချုပ်ဈေးကွက်  ဖွံ့ဖြိုးတိုးတက်မှု အတွက်   နည်းပညာအကူအညီ ပေးရေး         အစီအစဉ်များနှင့် ရှေ့ဆက်လက်       ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို            ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 


ပူးပေါင်းဆောင်ရွက်


အစည်းအဝေးတွင်ပြည်ထောင်စု ဝန်ကြီးက  သက်ဆိုင်ရာခေါင်းစဉ် အလိုက်      ပါဝင်ဆွေးနွေးရာ၌ AMRO    အား     Regional Knowledge   Hub            အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအစီအစဉ်နှင့်   ကာလလတ် စီမံကိန်း  (၂၀၂၂-၂၀၂၆)   အကောင် အထည်ဖော်မှုများကို မြန်မာနိုင်ငံ က ထောက်ခံအားပေးပါကြောင်း၊ ကိုဗစ်-၁၉   ကပ်ရောဂါ    ဖြစ်ပွား မှုနှင့်အတူ  ယှဉ်တွဲဖွံ့ဖြိုးလာသည့် financial digitalization နှင့် digital transformation    နည်းလမ်းများ ဖော်ဆောင်ရေး   ကြိုးပမ်းဆောင် ရွက်ရန် AMRO သို့  တိုက်တွန်းပါ ကြောင်း၊   မြန်မာနိုင်ငံအနေဖြင့် အာရှငွေချေးစာချုပ်       ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအတွက်    နည်း ပညာ        အကူအညီများ       ရယူ၍  အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတူ လိုက်ပါဆောင်ရွက်လျက်ရှိ ကြောင်း၊    ထို့ပြင်     Financial resilience against  climate and natural disasters  လုပ်ငန်းအဖွဲ့ ၏  စွမ်းဆောင်ရည်   တိုးမြှင့်ရေး ဆိုင်ရာ   ကိစ္စရပ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉  ကပ်ရောဂါ    ကာလ အလွန်တွင်          နိုင်ငံ့စီးပွားရေး ပြန်လည်အားကောင်းလာစေရေး အတွက်    ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊        ဒေသတွင်း စီးပွားရေး    ပြန်လည်ဦးမော့လာ ရေး       လုပ်ငန်းစဉ်များတွင်လည်း အာဆီယံ+၃   နိုင်ငံများနှင့်    ပိုမို နီးကပ်စွာ  ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း      ပါဝင် ဆွေးနွေးသည်။ 

 


  ပူးတွဲတာဝန်ယူ


အာဆီယံ+၃     ဘဏ္ဍာရေး ဝန်ကြီးများနှင့်    ဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေးကို  အာဆီယံ နိုင်ငံများနှင့်         အပေါင်းသုံးနိုင်ငံ များဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတ           နိုင်ငံတို့က အလှည့်ကျ    ပူးတွဲတာဝန်ယူပြီး နှစ်စဉ်        ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် ကျင်းပသည့် အာဆီယံ+၃ အစည်းအဝေးများကို     Virtual Meeting ပုံစံဖြင့်   ကျင်းပဆောင် ရွက်ခြင်းဖြစ်ပြီး  အစည်းအဝေးသို့ အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာ ရေးဝန်ကြီးများနှင့်     ဗဟိုဘဏ် ဥက္ကဋ္ဌများ၊   အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊  အာရှဖွံ့ဖြိုး ရေးဘဏ်၊   အာဆီယံ+၃   မက်ခရို စီးပွားရေး        သုတေသနရုံးနှင့် အာဆီယံ   အတွင်းရေးမှူးချုပ်ရုံး တို့မှ အကြီးအကဲများ  ပါဝင်တက် ရောက်ခဲ့ကြကြောင်း   သိရသည်။ 

 


သတင်းစဉ်