
နေပြည်တော် အောက်တိုဘာ ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကာ စေတီတော်ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စဝ်စံထွန်းရပ်ကွက် မူလမင်းကွန်း ကျောင်းတိုက်၌ နိုင်ငံတော်ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသ အမှူးပြုသော နိုင်ငံတော် ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီး များနှင့် ရှမ်းပြည်နယ် သံဃ နာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုပြီး ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ပရိသတ်များက နိုင်ငံတော် ဩဝါဒါစရိယ၊ တောင်ကြီးမြို့ ကံသာရပ်ကွက် စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာ စရိယ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံ မှ ငါးပါးသီလခံယူဆောက်တည် ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး တောင်ကြီး မြို့ ချမ်းသာရပ်ကွက် ဘုရားကြီး အနောက်ကျောင်း ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသဇ္ဇန၊ တောင်ကြီးမြို့ နောင်ခဲကျေးရွာ အုပ်စု နောင်ခဲကျောင်းဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တခေမာစာရ၊ တောင်ကြီး မြို့ ချမ်းသာရပ်ကွက် သိမ်တောင် ကျောင်း ဆရာတော်၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ တေဇဝန္တ၊ တောင်ကြီးမြို့ ချမ်းမြ သာစည်ရပ်ကွက် ရှမ်းပြည်နယ် သံဃ နာယကအဖွဲ့ (ငှက်တွင်း) ဥက္ကဋ္ဌ စတုဘုမ္မိကကျောင်း ဆရာ တော် ဘဒ္ဒန္တသုန္ဒရတို့က ပစ္စုပ္ပန်၊ သံသရာနှင့် အနာဂတ်သာသနာ တော်အတွက် ကောင်းကျိုး ဖြစ်ထွန်းစေမည့် ဩဝါဒများ မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စွန်းလွန်းဂူကမ္မဋ္ဌာန်း ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသ အမှူးပြုသော ဆရာတော် ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က ရှမ်း ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် များ ကိုးကွယ်ပူဇော်နိုင်ရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေးထံ ပန်းပေါင်းစုံ ဗုဒ္ဓ ရုပ်ပွားတော် ၁၉၂၆ ဆူကို ပေးအပ် လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ကျောင်းဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်ကြီး များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်