ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား လက်ခံတွေ့ဆုံ

 

ရန်ကုန်   မတ်   ၉


သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်   အီတလီနိုင်ငံ University of March မှ ရေအရင်း အမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား  ယနေ့ ညနေ   ၅   နာရီတွင်   ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာ ရေးဦးစီးဌာန ဝန်ကြီးရုံး (ရန်ကုန် ရုံးခွဲ) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့         တွေ့ဆုံရာတွင်   ပြည်ထောင်စုဝန်ကြီးက ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသရှိ    ယခင်ကရှိခဲ့ သည့် ရေလမ်းကြောင်းများ၊ ရေစု ကန်နှင့် ရေစစ်ကန်များမှာ အနည် များ    ပို့ချမှုကြောင့်  ရှေးဟောင်း  အဆောက်အအုံများတွင် ရေဝပ်၊ ရေလျှံမှုများ     ဖြစ်ပေါ်ခဲ့သဖြင့် နောင်အလားတူ    သဘာဝဘေး အန္တရာယ်များ    ဖြစ်ပေါ်လာပါက ရှေးဟောင်းအဆောက်အအုံများ    မထိခိုက်စေရန်အတွက် ရေလမ်း ကြောင်းနှင့် ရေကန်များရှိ ပို့ချနေ သောအနည်များကို    ဖယ်ရှား၍   တူးဖော်   ထိန်းသိမ်းပြုပြင်ရန် ဆောင်ရွက်    လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး         Dr. Massimo  Sarti  က  ရေတွင်း၊   ရေကန်၊ ချောင်း၊ အင်း စသည်တို့ နှင့်    ပတ်သက်၍   Grading (Identified) ခွဲခြားရန်၊ Detail Assessment   ထပ်မံပြုလုပ်ရန်၊ ရေဝင်၊   ရေထွက်  လမ်းကြောင်း များ မြေပုံရေးဆွဲရန်၊  ယဉ်ကျေးမှု   နယ်မြေအတွင်းရှိ ရေကန်၊   ဆည် များ    ပြန်လည်တူးဖော်ထုတ်ရန်၊   ရေကန်များ၊   ချောင်းများ  အပြန် အလှန်   ချိတ်ဆက်မှု     မရှိသည့် အတွက်         ပြန်လည်သက်ဝင် လှုပ်ရှားလာအောင်     ဆောင်ရွက် ရန်၊    ရှေးဟောင်းရေကန်များ တူးဖော်ထိန်းသိမ်းခြင်း    လုပ်ငန်း  နှင့်   စပ်လျဉ်း၍      လျာထားစီမံ ဆောင်ရွက်ထားရှိမှု၊     အကောင် အထည်ဖော်    ဆောင်ရွက်နေမှု နှင့်   ပုဂံခေတ်    ရေစီမံခန့်ခွဲမှုနှင့်   ရှေးဟောင်းရေကန်နှင့်  ရေလမ်း ကြောင်းများ၊ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေမှုများကို ကွင်းဆင်း လေ့လာအကြံပြုသွားမည်   ဖြစ် ကြောင်း   ဆွေးနွေးသည်။        

               
သတင်းစဉ်