ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆရာဒကာဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၁၂


သာသနာရေးနှင့်      ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးတင်ဦးလွင်သည်  ဒုတိယဝန်ကြီး နှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ    ယနေ့နံနက်ပိုင်းတွင်  ဝန်ကြီးဌာန၏         ဆရာဒကာ ကျောင်းများဖြစ်သော အဘယာ ရာမ   ကျောင်းတိုက်နှင့်    မြို့မ စမ်းမြိုင်     ကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာ တော်များအား   ဖူးမြော်ကြည်ညို ၍       လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 


အဆိုပါ ကျောင်းတိုက်များသို့  ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး သည် သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး        ကျောင်းထိုင် ဆရာတော်များထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ  နှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊   ညွှန်ကြားရေးမှူးချုပ်များ     နှင့်   အရာထမ်း၊    အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။                    

သတင်းစဉ်