ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

 

နေပြည်တော် ဖေဖော်ဝါရီ    ၂၀


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့တွင် Horizon Lake View Resort ၌   အလုပ်သဘောနေ့လယ်စာ   (Working Lunch) ဖြင့် တည်ခင်းဧည့်ခံ တွေ့ဆုံဆွေးနွေးသည်။


ထိုသို့ ဧည့်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံသည်  ချစ်ကြည်ရင်းနှီးသော  အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံများလည်း ဖြစ်ရာ  နှစ်နိုင်ငံကုန်သွယ်မှုကို   အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေး အတွက်      နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေး ဆိုင်ရာကိစ္စရပ်များကို    အပြန်အလှန်ဆွေးနွေးကြ သည်။ 


နေ့လယ်စာစားပွဲသို့    စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေး    ဝန်ကြီးဌာနမှ      ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံ  ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။                                          

သတင်းစဉ်