
နေပြည်တော် ဇန်နဝါရီ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံသည် ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် တာဝန်ထမ်းဆောင် နေသော စားသုံးသူရေးရာဦးစီး ဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ လုပ်ငန်းစဉ် (၁၅) ရပ်ကို သိရှိနားလည်ပြီး လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝီရိယစိုက် ထုတ်၍ မိမိ၏ကိုယ်စွမ်းဉာဏ်စွမ်း ကို မြှင့်တင်ဆောင်ရွက်ရန်၊ ပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ စွမ်းဆောင်ရည်ကောင်းသောဌာနဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိ ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်နယ် ဦးစီးမှူးရုံးများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်