
နေပြည်တော် ဇန်နဝါရီ ၂၂
မလေးရှားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပထမအကြိမ် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက် သည်။
အစည်းအဝေးဖွင့်ပွဲ အခမ်းအနား သို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Tan Sri Dato’ Hj Muhyddin bin Yassin က တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အာဆီယံ နိုင်ငံများအတွင်း ဒစ်ဂျစ်တယ် အီကို စနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင် ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာ အစီအမံများ အားကောင်း လာနိုင်စေရေးနှင့် ဆက်လက် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ အထူးကိစ္စရပ်အနေဖြင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုအခြား ဆက်စပ်ကဏ္ဍများနှင့် ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ခြင်း ကိစ္စရပ်တို့အပေါ် အခြား အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီး များနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံ နိုင်ငံများမှ ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် အာဆီယံ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဆွေးနွေး ဖက်နိုင်ငံများဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတ နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု တို့မှ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီး များ၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆွေးနွေးအတည်ပြုဆောင်ရွက်
ပထမအကြိမ် အာဆီယံဒစ်ဂျစ် တယ်ဆိုင်ရာ ဝန်ကြီးများအစည်း အဝေးကို “ASEAN – a Digitally Connected Community” ခေါင်းစဉ် ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် တာဝန်ယူ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပြောင်းလဲတိုးတက် လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ် များအပေါ် အမြင်များ ဆွေးနွေးဖလှယ် ခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း work from home ပုံစံဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ၏ ပိုမိုအရေးပါမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အလွန် ကာလများအတွက် အဖွဲ့ဝင်နိုင်ငံများ မှ ချမှတ်ဆောင်ရွက်လျက်ရှိသော အစီအစဉ်များကို ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသုံးပြု မှု မြင့်မားလာသည်နှင့်အမျှ ဆိုက်ဘာ လုံခြုံရေးကိစ္စရပ်များ အရေးကြီး လာခြင်းတို့အပေါ် အမြင်များဖလှယ် ဆွေးနွေးခြင်း၊ အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ဖြင့် ဒစ်ဂျစ်တယ် အသိုက်အဝန်း ဖော်ဆောင်ရေးအတွက် ASEAN Digital Masterplan 2025 – ADM 2025 အား အတည်ပြုထုတ်ပြန်ခြင်း၊ ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ပူထရာ ဂျာရာ ကြေညာစာတမ်း (Putrajaya Declaration) ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်