ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်    ၈


နိုင်ငံခြားရေး         ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ   သည် မြန်မာနိုင်ငံဆိုင်ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး     မစ္စတာ ချန်းဟိုင်အား   ယနေ့   မွန်းလွဲပိုင်းတွင်       နေပြည်တော်ရှိ MGallery   ဟိုတယ်၌     လက်ခံ  တွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ်   မြန်မာ-  တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ  ဆွေမျိုးပေါက်ဖော်    ဆက်ဆံရေး နှင့်     ပူးပေါင်းဆောင်ရွက်မှုများ     ပိုမိုတိုးတက်ခိုင်မာရေး၊    နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်မှု   စီမံကိန်း များ        ဆက်လက်အကောင် အထည်ဖော်ရေး၊    ဇွန်   ၈ ရက် တွင် ကျရောက်သည့်   မြန်မာ- တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံ ရေး   ထူထောင်သည့်    (၇၃) နှစ် မြောက်    အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ   ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ    သဘောတူညီချက် နှင့်    စာလွှာများအောင်မြင်စွာ   လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ကိစ္စ၊  နှစ်နိုင်ငံ    နယ်စပ်ကုန်သွယ်ရေး   လျင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ  တည်ငြိမ်အေး ချမ်းရေးမြှင့်တင်ရန်      ဆက်လက် ပူးပေါင်း   ဆောင်ရွက်သွားရေးနှင့်     ဒေသတွင်းနှင့်           နိုင်ငံတကာ ပူးပေါင်း    ဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ   နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး   ကိစ္စရပ် များအပေါ်       ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း    ဖလှယ်ဆွေးနွေးကြ သည်။               
     

သတင်းစဉ်