
နေပြည်တော် ဖေဖော်ဝါရီ ၁၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တက်ရောက်
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ (အလုပ်သမားရေးရာ ဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ခိုင်မာသည့်အဖွဲ့အစည်း တစ်ခုဖြစ်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ် သမားများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဥပဒေနှင့် အညီ ခံစားခွင့်များရရှိစေရေးအတွက် အေဂျင်စီအဖွဲ့ချုပ်သည် ကြားခံ ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီအဖွဲ့ချုပ်သည် ပိုမို၍စနစ် ကျပြီး ခိုင်မာသည့်အဖွဲ့အစည်း တစ်ခုဖြစ်လာကြောင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ဖြစ်ပွားသည့် အလုပ်သမားရေးရာ ကိစ္စရပ်များ၌ အေဂျင်စီအဖွဲ့ချုပ်အနေဖြင့် အလုပ် သမားသံအရာရှိနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်မှုများကို အသိအမှတ်ပြု ပါကြောင်း၊ ယနေ့ခေတ်သည် ပွင့်လင်းမြင်သာသည့် ခေတ်ဖြစ်ရာ အလုပ်သမားများ၏ မကျေနပ်ချက် များ၊ အခက်အခဲ တိုင်ကြားမှုများရှိလာ ကြောင်း၊ အလုပ်သမားရေးရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် မူဝါဒများ ချမှတ် ထားသော်လည်း အချို့ကိစ္စရပ်များ တွင် လက်တွေ့ဆောင်ရွက်ရာ၌ အခက်အခဲအနည်းငယ်ရှိကြောင်း။
ညှိနှိုင်းဖြေရှင်း
ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီ အဖွဲ့ချုပ်သာမက အေဂျင်စီ အားလုံး နှင့် တွေ့ဆုံပြီးကြုံတွေ့နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှု များရရှိနိုင်ကြောင်း၊ အလုပ်သမား ရေးရာကိစ္စရပ်များကို တစ်ဦးတစ်ဖွဲ့ ချင်းစီ ဆောင်ရွက်မည်ဆိုပါက အခက်အခဲများစွာရှိ၍ သက်ဆိုင် သူများအားလုံး၊ အဖွဲ့အစည်းများ အားလုံး ဥပဒေလုပ်ထုံး လုပ်နည်းများ နှင့်အညီ ညှိနှိုင်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများကို စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မလွှဲမရှောင်သာ၍ အရေးယူ ရသည်များရှိရာ လုပ်ငန်းဆောင်ရွက် မှုအပိုင်းများတွင် နားလည်ပေးစေလို ကြောင်း၊ အေဂျင်စီအဖွဲ့ချုပ်၏ အခက်အခဲများ၊လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေး လာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ကြောင်း၊ အကြံပြု ချက်များရှိပါကလည်း အကြံပြုနိုင် ကြောင်း၊ အလုပ်သမားအကျိုး၊ အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုး ဖြစ်ထွန်းစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက လုပ်ငန်းကော်မတီအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်ကြုံတွေ့ရသည့် အခက်အခဲ များကို ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များ အား ပြန်လည်တင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် တို့က ပြန်လည်ရှင်းလင်း၍ လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်