ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း China (Zhejiang)-Myanmar Conference on Investment Cooperation ဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း China (Zhejiang)-Myanmar Conference on Investment Cooperation ဆွေးနွေးပွဲသို့ တက်ရောက် ===================================================================================== နေပြည်တော် ဒီဇင်ဘာ ၁၁ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနတို့ ဦးဆောင်၍ Zhejiang အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် "Matchmaking Conference on China (Zhejiang)-Myanmar Investment Cooperation Promotion" ဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားသည်။ အသိအမှတ်ပြု ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် ချစ်ကြည် ရင်းနှီးမှုများ ပိုမိုခိုင်မာလာပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရာတွင် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများမှသည် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့မည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရာတွင် လည်းကောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတွင် လည်းကောင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိ သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေးဖိတ်ခေါ်လျက်ရှိသည့် အခြေအနေ များကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မကြာသေးမီက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှု (RCEP) စာချုပ်အား ဆက်လက်ဖော်ဆောင်ရာ၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးမြှင့်လာနိုင်ရေး အလားအလာ များကိုလည်းကောင်း ပြောကြားသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကိုယ်စား လှယ်က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်နှင့် ရင်းနှီးမြှုပ်နှံ စေလိုသည့် ဦးစားပေးကဏ္ဍများနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ သက်ဆိုင်ရာ စီမံကိန်းတာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ် စက်မှုမြို့တော်စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဓိက အရင်းအမြစ်တစ်ခုဖြစ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင်လည်း အဓိက အရင်းအမြစ်တစ်ခုဖြစ် သည်။ Zhejiang ပြည်နယ်သည် တရုတ်နိုင်ငံအတွင်း ယန်စီမြစ်ဝကျွန်းပေါ် တောင်ဘက်တွင် တည်ရှိပြီး တရုတ်နိုင်ငံ စုစုပေါင်း မြေဧရိယာ၏ ၁ ရာခိုင်နှုန်း၊ စုစုပေါင်း လူဦးရေ၏ ၄ ရာခိုင်နှုန်းနှင့် နိုင်ငံဂျီဒီပီ၏ ၆ ဒသမ ၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ပြည်နယ်တစ်ခုဖြစ်သည်။ Zhejiang ပြည်နယ်၏ ပုဂ္ဂလိက စီးပွားရေးသည်လည်း များစွာတိုးတက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ၅၀၀ တွင် Zhejiang ကုမ္ပဏီ ၉၂ ခု ပါဝင်လျက် ရှိသည်။ ၎င်းကုမ္ပဏီများတွင် သတင်းနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ဘဏ္ဍာရေး လုပ်ငန်း၊ အဆင့်မြင့်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ အပါအဝင် “ထရီလီယံ စက်မှုလုပ်ငန်း ရှစ်ခု” ပါဝင်သည်။ အဆိုပါ လုပ်ငန်းများသည် လုပ်သားအခြေပြု စက်မှုလုပ်ငန်းများ အပါအဝင် အရည် အသွေးမြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရှေ့ဆောင်လုပ်ငန်း များလည်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ CECCM ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ ၁၄၀ ခန့် တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်