
နေပြည်တော် ဇွန် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယမန်နေ့နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် ၂၀၂၃(SPIEF’23)တတိယနေ့ အခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စု ဝန်ကြီးသည် Role of the Nuclear Industry in “Achieving Technological Sovereignty and Technologies of the future ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် မျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက Nuclear Industry သည် Technological Sovereignty ရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်ရန်နှင့် အနာဂတ်နည်း ပညာ ဖွံ့ဖြိုးတိုးတက်လာရေးတို့ တွင် အရေးပါသည့် အခန်းကဏ္ဍ က ပါဝင်ပါကြောင်း၊ Nuclear Industry သည် သိပ္ပံပညာရပ်များ တွင် တိုးတက်မှုနှင့် နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲများကို ကျော်လွှားရန်အတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ Nuclear Technology ကို ဓာတ် အား ထုတ်လုပ်သည့်နေရာ၌ သာမက အခြားကဏ္ဍများတွင် လည်း အသုံးချ ဆောင်ရွက်လျက် ရှိကြောင်း၊ နျူကလီးယား ဓာတ်အားပေး စက်ရုံများ၏ Safety နှင့် Efficiency တိုးတက် မြင့်မားလာမှုသည် ရေရှည် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးနိုင် သကဲ့သို့ ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အာကာသသို့ သွားရောက် စူးစမ်းရှာဖွေမှု စသည့် ကဏ္ဍအမျိုးမျိုးတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် များစွာ အထောက်အကူ ပြုလျက်ရှိ ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ကင်းစင်သည့် Global Economy အတွက် ယနေ့ Fossil Fuel အပေါ် မှီခိုနေသည့် ကဏ္ဍအားလုံး တွင် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချသွားရန်လိုကြောင်း၊ ယင်း အခြေအနေကို ရောက်ရန်အတွက် Nuclear Energy သည် အရေးပါ သည့် အခန်းကဏ္ဍမှ ပါဝင် ကြောင်း၊ Nuclear Energy သည် ရေအားပြီးလျှင် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်သည့် စွမ်းအင်အရင်း အမြစ်ဖြစ်ကြောင်း၊ Technolo-gical Sovereignty ရရှိရန် အတွက် Nuclear Industry တွင် သုတေသန ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာ များနှင့် အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ နျူကလီးယား၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် အသိပညာနှင့် စွမ်းဆောင်ရည်များကို လူငယ် များအား ဖြည့်ဆည်းပေးခြင်း အားဖြင့် စဉ်ဆက်မပြတ် တိုးတက် နေသည့် အနာဂတ်ဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ Nuclear Power ကို လက်ခံ ယုံကြည်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံခြင်းနှင့် အနာဂတ်မျိုးဆက် သစ်ပညာရှင်များကို ပျိုးထောင် ပေးခြင်းအားဖြင့် Nuclear Industry ၏ နည်းပညာဆိုင်ရာ အလားအလာများကို ဖော်ထုတ် ရယူနိုင်မည် ဖြစ်သည့်အတွက် သာယာဝပြောပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်နေသည့် Technological Sovereignty ရှိသည့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင် မည်ဖြစ်ကြောင်း ပြောကြား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် Nova Wind JSC နှင့်အတူ System Operator of the United Power System , Joint – stock Company ၏ Chairman of the Management Board ,Mr. Ferdor Opadchiy နှင့် တွေ့ဆုံ၍ ဓာတ်အားစနစ် တည်ငြိမ်စွာ ထိန်းသိမ်းဆောင် ရွက်နိုင်ရေးအတွက် Power System Planning အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။
သတင်းစဉ်