ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အသေးစားရေအားလျှပ်စစ်နှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့် နေရာများသို့ သွားရောက်ကြည့်ရှု

 

နေပြည်တော်    ဒီဇင်ဘာ    ၃     


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်နှင့်   လယ်ဝေးမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား     တိုးတက်ထုတ်ယူ     ရရှိနိုင်ရန် အသေးစား     ရေအားလျှပ်စစ်နှင့်    အခြားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့်နေရာ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလွှဲဆည်နှင့်     အောက်ဘက်နေရာ နှစ်ခုတွင်  အသေးစားရေအားလျှပ်စစ်   ဖြစ်မြောက် နိုင်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပေါင်း လောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် နေရောင် ခြည်စွမ်းအင်သုံး   ဓာတ်အားပေးစက်ရုံနှင့်   အခြား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် သင့်တော်မည့်နေရာများကို   ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက       မြေနေရာအကျယ်အဝန်း၊ ဖြစ်မြောက်နိုင်စွမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ဆန်းစစ်မှုတို့နှင့် ပတ်သက်၍  ရှင်းလင်း တင်ပြကြသည်။ 

 


ထို့နောက် လယ်ဝေးမြို့နယ်ရှိ သဲဖြူရေလှောင် တမံနှင့်        ချောင်းမငယ်ရေလှောင်တမံများသို့ သွားရောက်၍    ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး စနစ်များဖြစ်မြောက်နိုင်စွမ်းကိုလည်းကောင်း၊ အခြား လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် သင့်တော်မည့်နေရာများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။ 

 


ကြည့်ရှုစစ်ဆေးစဉ်     ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်        လျှပ်စစ် ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ် များ ရရှိမှုအပေါ်အ​ခြေခံ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့်   လျှပ်စစ်ဓာတ်အား   ထုတ်ယူရရှိနိုင်သည့်  စီမံကိန်း အသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ တော်၏   နှစ်စဉ်တိုးတက်သုံးစွဲလာမည့်   လျှပ်စစ် ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိ လာပါက     စီးပွားရေးလုပ်ငန်းများလည်း    ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်းရရှိလာပြီး လူမှုစီးပွားဘဝများ    ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း     မိမိတို့ဝန်ထမ်းများက    ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်နေသည်ကို နားလည်သဘော ပေါက်အောင်       ရှင်းလင်းတင်ပြရန်နှင့်     မိမိတို့ ဆောင်ရွက်ချက်များအပေါ်      ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရေး  စည်းရုံးပြောဆိုကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်