
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ
အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့သို့ တက်ရောက်
နေပြည်တော် မတ် ၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက် ရှိနေသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်း၊ တာဝန်ရှိ သူများနှင့်အတူ မတ် ၂၅ ရက် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄) (XIII Inter-national Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
ကြည့်ရှုလေ့လာ
ဦးစွာ ပြည်ထောင်စုဝန်ကြီး များ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တက် ရောက်လာကြသူများ နှင့်အတူ (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄)တွင် ခင်းကျင်း ပြသထားသည့် နိုင်ငံတကာမှ နျူကလီးယားနှင့် ပတ်သက် ဆက်စပ်သော ပြခန်းများကို လိုက်လံကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများသည် (၁၃) ကြိမ် မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖိုရမ် ၏ အဓိက မျက်နှာစုံညီအစည်း အဝေး( Plenary Session ) တွင် “သန့်ရှင်းသောစွမ်းအင် - အနာ ဂတ်ကို အတူတကွဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း အစီ အစဉ်သို့ လည်းကောင်း တက် ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းသည် NovaWind JSC ကုမ္ပဏီမှ Dir-ector General - Grigory Na-zarov နှင့် မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံ ဆောင်ရွက်မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သော လေအားနှင့် အသေးစား ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့်ပတ်သက်၍ လည်း ကောင်း၊ JSC Rusatom Energy Projects ကုမ္ပဏီမှ Director General- Andrey Rozhdestvin နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်၍ လည်း ကောင်း ဆွေးနွေးကြသည်။
ပါဝင်ပြသ
(၁၃)ကြိမ်မြောက် နျူကလီး ယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ် (၂၀၂၄) သည် ခေတ်မီနျူကလီးယား စွမ်းအင်လုပ်ငန်း၏ ကဏ္ဍပေါင်းစုံ နှင့် ၎င်း၏နောက်ထပ် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကဏ္ဍများ ကို ဆွေးနွေးရန်ဖြစ်ပြီး ကမ္ဘာ့ နျူကလီးယားစွမ်းအင်လုပ်ငန်းမှ ခေါင်းဆောင်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များ၊ ရုရှားနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နျူကလီး ယားနယ်ပယ်မှ အဓိက ကျွမ်းကျင် သူများ ပါဝင်ကြသည်။ အစဉ် အလာအားဖြင့် ဖိုရမ်အစီအစဉ် သည် နိုင်ငံတကာကွန်ဂရက်တစ်ခု နှင့် နျူကလီးယားနှင့် ဆက်စပ် စက်မှု လုပ်ငန်းများအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချသူများမှ ခင်း ကျင်း ပါဝင်ပြသကြကြောင်းနှင့် ကမ္ဘာ့နျူကလီးယား လုပ်ငန်း၏ ဆိုင်းငံ့ထားသော ပြဿနာများကို ဆွေးနွေးရန်ရည်ရွယ်သည့် နိုင်ငံ တကာ ညီလာခံတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်