ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   မတ်    ၂၇  
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌    ရောက်ရှိနေသည့်    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မတ် ၂၆ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄)  (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်   (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံ သည့်      ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ၏ ခန်းမ ၆ ၌ ပြုလုပ်သော မျက်နှာစုံညီ        အစည်းအဝေး (Plenary Session) တွင် "SMR Opportunities   and   Challen-ges"   ခေါင်းစဉ်ဖြင့်   ဆွေးနွေးမှု များသို့ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး    ဦးဉာဏ်ထွန်းနှင့်   ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်တို့ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တာဝန်ရှိသူများနှင့်အတူ Rosa-tom  ၏  ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် မြန်မာ နိုင်ငံအတွင်း ဆောင်ရွက်နေသော  လေအား၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့်         အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့ကြသည်။ 
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးများသည်    မျက်နှာစုံညီ အစည်းအဝေး (Plenary Session)  "Nuclear         Infrastructure: nuclear  project  drivers"  သို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။                    

သတင်းစဉ်