ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်နှင့် ဒေါက်တာ မျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(၂၀၂၃) (REW-2023 ) သို့တက်ရောက်

 

နေပြည်တော်   အောက်တိုဘာ   ၁၂ 


ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်     ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်နှင့်  သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက် တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပ ပြုလုပ်သည့်   ဆဋ္ဌမအကြိမ်မြောက်  ရုရှား  စွမ်းအင် ရက်သတ္တပတ်  အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023)သို့ တက်ရောက်ကြသည်။ 


အဆိုပါ  Forum သို့  နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံခြားရေး၀န်ကြီးများ၊ ဝန်ကြီးများ၊ သံတမန်များ နှင့် CIS မှ လုပ်ဖော်ကိုင်ဖက်များ၊   နိုင်ငံတကာမှ လွှတ်တော်အမတ်များ၊  နိုင်ငံတော်နှင့်  ဒေသတွင်း အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ဦးစွာ   ဆဋ္ဌမအကြိမ်မြောက်   ရုရှားစွမ်းအင် ရက်သတ္တပတ်  အပြည်ပြည်ဆိုင်ရာဖိုရမ်  (၂၀၂၃) (REW-2023)   တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့်    ခေတ်မီပြခန်းများနှင့် ပုံစံငယ်များကို လိုက်လံကြည့်ရှုလေ့လာပြီး သိရှိလို သည်များကို  မေးမြန်းဆွေးနွေးကြကာ  မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင် သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည်   မျက်နှာ စုံညီအစည်းအဝေး     (Plenary Session)      တွင်         “ Technological Sovereignty and Low-Carbon Energy : Looking to Tomorrow ”    ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအစီအစဉ်သို့ တက်ရောက်ဆွေးနွေးခဲ့ကြ ပြီး တက်ရောက်လာကြသူများက စွမ်းအင်ထုတ်လုပ် မှုကြောင့်    သဘာဝပတ်ဝန်းကျင်တွင်   ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လုပ်နေမှုများနှင့် ကမ္ဘာကြီးပူနွေး လာမှု၊  ၎င်းကာဗွန်ဒိုင်အောက်ဆိုဒ်များ လျှော့ချနိုင် ရေးအတွက် သန့်စင်သောစွမ်းအင် (Green Energy) များ   အသုံးပြုနိုင်မှု၊   နျူကလီးယားနည်းပညာမှ စွမ်းအင်အကျပ်အတည်းကို  ဖြေရှင်းနိုင်မှု၊ သဘာဝ ပတ်ဝန်းကျင်နှင့်  လူမှုဘဝထိခိုက်မှုမရှိဘဲ  နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍတွင်  အထောက်အကူပြု ပုံနှင့် ပညာရေးနှင့်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှုတို့ကို ဆွေးနွေးကြသည်။


ယင်းနောက်   မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏  အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီ ကာချော့နှင့်    သီးခြားတွေ့ဆုံ၍    မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့်   လူသားအရင်းအမြစ်   လေ့ကျင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာနမှ     Nuclear Infrastructure    အတွက်   နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ်   အပြည်ပြည်ဆိုင်ရာဖိုရမ်   (၂၀၂၃) (REW-2023) ၏  စုံညီအစည်းအဝေးသို့ တက်ရောက် ကြသည်။


ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင်  စတင်ကျင်းပခဲ့ပြီး စွမ်းအင် ကဏ္ဍတွင်    အပြင်းထန်ဆုံးသော   ပြဿနာများကို ဖြေရှင်းရေး၊   အပြည်ပြည်ဆိုင်ရာအစီအစဉ်၊ ရာသီ ဥတု၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ စက်သုံး ဆီနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိကြောင်းနှင့်  REW 2023  ဆွေးနွေးမှုများတွင် ပါဝင် သူများက   စွမ်းအင်ထောက်ပံ့မှုနှင့်   ကုန်ကြမ်းများ အတွက် ကမ္ဘာ့ဈေးနှုန်းများဖွဲ့စည်းပုံ၊  ရေနံလုပ်ငန်း အတွက် အလားအလာနှင့် ရာသီဥတုဆိုင်ရာ အစီအစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်