
နေပြည်တော် သြဂုတ် ၁၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံများမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ နေပြည်တော်-၂ ပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။ (ယာပုံ)
အဆိုပါ ခွဲရုံများသို့ရောက်ရှိစဉ် တာဝန်ရှိသူများ က ခွဲရုံနှင့်ပတ်သက်သော အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားသယ်ဆောင်နိုင်မှု၊ ဓာတ်အား ထုတ်လုပ်သောစက်ရုံများမှ ဓာတ်အားဝင်ရောက်မှု နှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် အဓိကကျသည့် ခွဲရုံဖြစ်သည့်အားလျော်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမဖြစ်စေရေး ဦးစားပေးဆောင်ရွက်ရန်၊ ခွဲရုံ၏ ဓာတ်အားဖြန့်ဝေမှု/လက်ခံမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရေး တည်ဆောက် ထားရှိသော သတင်းပို့စနစ်ကို အလေးထားလိုက်နာ ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နေသည့် ပင်မဓာတ်အားခွဲရုံများ ဖြစ်သဖြင့် တည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်းကျဆင်းရေး၊ ခွဲရုံကြံ့ခိုင်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေးဆောင်ရွက်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေး၊ ဓာတ်အားခွဲရုံအတွင်းရှိ ထရန်စဖော်မာများ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရေး တို့ကိုမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားထိန်းချုပ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်