ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   စက်တင်ဘာ   ၁၆      
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဉာဏ်ထွန်းသည်   ဒုတိယဝန်ကြီး  ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁)တည်ဆောက်ရေး ပေါင်းလောင်းအခြေစိုက်ဝင်းအတွင်းရှိ ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။      
ဦးစွာ        ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ   လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန ရွှေမြို့ပင်မဓာတ်အားခွဲရုံ သို့  ရောက်ရှိပြီး    တာဝန်ရှိသူများက    လုပ်ငန်းများ ဆောင်ရွက်နေမှုကို          ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက    ထရန်စဖော်မာ    တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ    သတ်မှတ်ကာလအတွင်း   ပြီးစီးရေး ဆောင်ရွက်သွားရန်မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ   ပေးအပ်ချီးမြှင့်ကာ    ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း လက်ရှိ ဓာတ်အားလိုင်းများနှင့်      ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု၊  ရွှေမြို့ - ရမည်း သင်း ၂၃၀/၆၆/၁၁ ကေဗွီ(၁၀၀)အမ်ဗွီအေ ထရန် စဖော်မာ  တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း  ဆောင် ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်     ကျိုင်းတောင်း    Labyrinth   Spillway Hydraulic  Model  Test    စမ်းသပ်ခဲ့မှုအခြေအနေ၊ လက်တွေ့ရေထုတ်လွှတ် စမ်းသပ်မှုအခြေအနေနှင့် မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျေက်စရစ်၊ သံချောင်း များနှင့် ကွန်ကရစ်နမူနာ စမ်းသပ်စစ်းဆေးရာတွင် အသုံးပြုသည့် စက်ပစ္စည်းများနှင့် စမ်းသပ်ခဲ့သည့် နမူနာများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်တည် ဆောက်ရာတွင် အသုံးပြုခဲ့သည့် စက်ယန္တရားကြီးများ နှင့် အဆိုပါစက်ယန္တရားကြီးများ ပြုပြင်ရာတွင် အသုံး ပြုသည့်  စက်ပစ္စည်းများကို  ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု      လေ့ကျင့်ရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍  ဓာတ်ခွဲခန်းများသည် ရေအားလျှပ်စစ်တည်ဆောက် ရေး၏ အခြေခံအကျဆုံးဖြစ်သော စမ်းသပ်ချက်များ၊ တွေ့ရှိချက်များကို ဖော်ထုတ်ပေးနေရသည်ဖြစ်သဖြင့် မှန်ကန်တိကျရန် လိုအပ်ပါကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများသည်    စက်ယန္တရားများကို    အဓိက အားပြုလုပ်ကိုင်ရသဖြင့် ယန္တရားအလုပ်ရုံများအနေ ဖြင့် ပြင်ရမည့်အပိုင်းများကို သေချာစွာပြင်ဆင်သွား ရန်နှင့် စက်စွမ်းရည်အပြည့် အသုံးချနိုင်ရေး၊ လုပ်ငန်း ခွင်ရောက်မှ  ပြင်ဆင်ရခြင်းမျိုးမဖြစ်စေရေး  အထူး ဂရုပြုဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြား ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်