
နေပြည်တော် ဇန်နဝါရီ ၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ရမည်းသင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ၆၆/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ၆၆/၃၃/ ၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်း သင်း ဓာတ်အားခွဲရုံတည်ဆောက် ရေးစီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိ သူများက ၆၆ ကေဗွီ ရွှေမြို့-ရမည်းသင်း ဓာတ်အားလိုင်းနှင့် ဆက်စပ် ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုလို ပွင့်လင်းရာသီတွင် တောင်သူများ မှာလည်း သီးနှံရိတ်သိမ်းကာလ ဖြစ်သည့်အလျောက် မြို့ပြ လုပ်ငန်းများဖြစ်သော မြေကျင်း တူးဖော်ခြင်း၊ တိုင်ထောင်ခြင်း လုပ်ငန်းများနှင့် ကြိုးဆွဲခြင်း လုပ်ငန်းများကို အင်တိုက် အားတိုက်ဦးစားပေးဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း လုပ်ငန်းများအလိုက် ပြီးစီး ရမည့် အချိန်ဇယားများ ရေးဆွဲ ထားသည့်အတိုင်း သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ စောင့် ကြပ်ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ် ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခု တည်ဆောက်လျက်ရှိ သည့် ၆၆/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီ အေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ရမည်း သင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအား ဗို့အားပြည့်ဝစွာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အပြင် စက်မှုလက်မှုလုပ်ငန်းများ နှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ် အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်း လုပ်ငန်းများ၏ ၉၀ ဒသမ ၄ ရာခိုင် နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်း ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ လူထုထံသို့ ဓာတ်အားဖြန့်ဖြူး ပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ် ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူး ပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေ ရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်