ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးတက်ရောက် မဲခေါင်မြစ်ပေါ်တွင် ၁၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေမှု သွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၇  
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း    ဦးဆောင်သော    မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ  လာအိုနိုင်ငံ  ဗီယင်ကျင်းမြို့တွင် ကျင်းပသည့် မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ   ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးသို့   တက်ရောက်ပြီး   လာအိုနိုင်ငံ  လွန်ပရာဘန်ပြည်နယ်ရှိ  မဲခေါင်ရေအားလျှပ်စစ်စီမံကိန်းသို့  သွားရောက်လေ့လာခဲ့ကြသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော    မြန်မာကိုယ်စားလှယ်အဖွဲ့ သည်   ဒီဇင်ဘာ  ၂၅  ရက် ဒေသ စံတော်ချိန် မွန်းလွဲ   ၃  နာရီတွင် ဗီယင်ကျင်းမြို့၌    ကျင်းပသည့် မြန်မာ - လာအို     လျှပ်စစ်ကဏ္ဍ ပူးပေါင်း     ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်     အစည်း အဝေးကိုတက်ရောက်ပြီး (ယာပုံ)ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း က     ဆွေးနွေးပြောကြားရာတွင်                    မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့် နှစ်တွင် ၁၄၅၄၂  မဂ္ဂါဝပ် လိုအပ် မည်ဖြစ်ပါကြောင်း၊     အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီ စေရန်  နိုင်ငံအတွင်း  ဓာတ်အား ထုတ်လုပ်မှုများသာမက နယ်စပ် ဖြတ်ကျော်ဓာတ်အား   ဝယ်ယူမှု များ    တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏      အဓိက အရေးကြီးသော ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊     တရုတ် နိုင်ငံ၊      ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော်     ဓာတ်အား လိုင်းစီမံကိန်းများ တည်ဆောက် ၍    လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန်     ဆောင်ရွက် လျက်ရှိပါကြောင်း၊      ထို့ကြောင့် စီမံကိန်းအား        လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို အထူး       အလေးထားပါကြောင်း၊ မြန်မာ - လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ  (Joint Working Committee -JWC) နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG)   များ    ဖွဲ့စည်း၍ ပူးပေါင်း    ဆောင်ရွက်လာခဲ့ကြ သည့်     (၅) နှစ်ကျော်သက်တမ်း ကာလအတွင်း      သိသာထင်ရှား သော     လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပါ ကြောင်း။ 
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
ယခင်        လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်း တစ်လျှောက် တွင်      ရေအားလျှပ်စစ်စီမံကိန်း ၃ ခုမှ ၄ ခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း         လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ  ၃၂၀၀ မဂ္ဂါဝပ်ခန့် အထိ  ရရှိနိုင်သည့် အလားအလာ ရှိသည်ကို          သိရှိရပါကြောင်း၊ မဲခေါင်မြစ်       စီမံကိန်းတစ်ခုလျှင် ၅၀၀ မဂ္ဂါဝပ်နှင့်အထက်    တည် ဆောက်အကောင်အထည်ဖော်နိုင် မည်ဖြစ်သဖြင့်     ဖြစ်မြောက်နိုင် စွမ်းလေ့လာမှုကို      မြန်ဆန်စွာ ပြီးမြောက်နိုင်ရေး     ဆောင်ရွက် သင့်ပါကြောင်း၊ နိုင်ငံများအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကိုလည်း      အားပေးမြှင့်တင်နိုင် မည် ဖြစ်ပါကြောင်း။  
မြန်မာ-လာအို နယ်စပ်ဖြတ် ကျော်ဓာတ်အားလိုင်း  စီမံကိန်းကို ကာလတိုအတွင်း     အကောင် အထည်ဖော်     ဆောင်ရွက်လိုပါ ကြောင်း၊      နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း၏    FSR ပြီးစီးမှုနှင့်   FSR  အပေါ်   စိစစ် သုံးသပ်ချက်များအရ  နည်းပညာ နှင့်  စီးပွားရေးတွက်ခြေကိုက်မှုရှိ သည့်အပေါ်မူတည်၍  စီမံကိန်း အကောင်အထည်     ဖော်နိုင်ရေးကို နှစ်နိုင်ငံအစိုးရများထံ     တင်ပြ လမ်းညွှန်မှု     ခံယူနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ  ကုမ္ပဏီများက FSR မြန်ဆန်စွာပြီးစီးအောင်   ဆောင် ရွက်ပေးကြရန်   တိုက်တွန်းပြော ကြားလိုပါကြောင်း၊    လာအိုနိုင်ငံ အစိုးရ၏  ခိုင်မာသောထောက်ခံအားပေးမှုများကို     အပြည့်အဝ အသိအမှတ်ပြုပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းနှင့်    မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်    စီမံကိန်းများ အကောင်အထည်     ဖော်နိုင်ရေး အတွက်  ပူးတွဲလေ့လာမှုလုပ်ငန်း များဆောင်ရွက်ကြရန်   လိုအပ် သည်များအား ကူညီပံ့ပိုးပေးသွား မည်ဖြစ်ပါကြောင်း     ပြောကြား သည်။
ထို့နောက် လာအိုနိုင်ငံ စွမ်းအင် နှင့်  သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာဖိုစေးစရာစုံက  ဆွေးနွေး ပြောကြားရာတွင် မြန်မာ - လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းနှင့်    မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်းများ   ဖြစ် မြောက်နိုင်စွမ်း  လေ့လာမှုတို့ကို တွန်းအားပေး    ဆောင်ရွက်လိုပါ ကြောင်း၊     ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပူးတွဲလုပ်ငန်း     ကော်မတီများ၏ အစည်းအဝေးများတွင် ‌ဆွေးနွေး မှုရလဒ်များအရ    ရှေ့ဆက်လက် ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ် (၃) ရပ်ဖြစ်သည့် နှစ်နိုင်ငံအကြား Power    Supply     Framework Agreement လက်မှတ်ရေးထိုးနိုင် ရေးဆောင်ရွက်ရန်၊ မြန်မာ-လာအို  နှစ်နိုင်ငံ ဓာတ်အားစနစ် ချိတ်ဆက် ရေး  နည်းပညာဆိုင်ရာလိုအပ်ချက် များနှင့်   ရယူမည့်    ဓာတ်အား ပမာဏများကို လေ့လာသုံးသပ် မည့်   အကြံပေးပညာရှင်အဖွဲ့နှင့် ဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်     စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်း   လေ့လာမှုကို လာအိုကုမ္ပဏီနှင့်  မြန်မာကုမ္ပဏီ တို့  ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ အပေါ်  နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော     အကူအညီများ ပေးအပ်သွားမည်     ဖြစ်ကြောင်း ပြောကြားသည်။
 ကြည့်ရှုလေ့လာ
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်   ဒီဇင်ဘာ ၂၆ ရက်တွင် မဲခေါင်မြစ်ပေါ်တွင်  ၁၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည့်  Navigation Lock ပါ ထည့်သွင်းတည်ဆောက်လျက် ရှိသည့်  ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု လေ့လာကြရာ     တာဝန်ရှိသူများ က  စီမံကိန်းလုပ်ငန်းများ ဆောင် ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြပြီး      ရှင်းလင်းတင်ပြမှုများ အပေါ်    ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ    မေးမြန်းကာ အသေးစိတ်     အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်      တည် ဆောက်နေမှု     အခြေအနေများ အား ကြည့်ရှုလေ့လာခဲ့ကြသည်။  
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်း   ဦးဆောင်သော    မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ တွင်  လာအိုနိုင်ငံ ဗီယင်ကျင်းမြို့ မှ  လေကြောင်းခရီးဖြင့်   ပြန်လည် ထွက်ခွာခဲ့ရာ      ညနေပိုင်းတွင် ရန်ကုန်မြို့သို့   ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်