ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းနှင့် ပစ္စည်းစီမံရေးဌာန ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၉ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး   ဦးအေးကျော်၊ ဌာနဆိုင်ရာ    တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင်   ရန်ကုန်-မန္တလေး   အမြန်လမ်းမကြီး မိုင်တိုင်အမှတ်  (၂၀၀)  အနီး၌   ဓာတ်အားခွဲရုံ တည်ဆောက်ရေး    လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  တည်ဆောက်ရေး လုပ်ငန်းများ   သတ်မှတ်ကာလအတွင်း   အချိန်မီ ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်းရှင်းရေး   ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊     မီတာစမ်းသပ်စစ်ဆေး ဆောင်ရွက်ရန်    ပြင်ဆင်ဆောင်ရွက်နေသည့်နေရာ သို့   သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယခုအခါတွင် မီးသုံးစွဲသူများပြားလာသည့်အတွက်   မြန်မာပြည် အထက်ပိုင်းနှင့်အလယ်ပိုင်းတွင် အသုံးပြုရန် လိုအပ် သောမီတာများကို စမ်းသပ်စစ်ဆေးပြီး အချိန်နှင့် တစ်ပြေးညီ    ဖြန့်ဖြူးပေးနိုင်ရန်နှင့်    ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက်   ရန်ကုန်မြို့တွင် သာမက နေပြည်တော်တွင်လည်း ဖွင့်လှစ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊  မီတာများအတွက် မီတာစမ်းသပ် မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ ရောက်ရှိနေပြီ ဖြစ်၍    ယင်းလုပ်ငန်းစဉ်များအတိုင်း    အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ပစ္စည်းလိုအပ်ချက်၊ လူလိုအပ်ချက်များကို  နှစ်လအတွင်း  စတင်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း၍  အမြန်ဆုံး  အကောင်အထည်ဖော်  ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း မီတာများ ၏     သတ်မှတ်အရည်အသွေးနှင့်   လုံခြုံမှုရှိစေရန် စနစ်တကျ    ဆောင်ရွက်သွားရန်  လိုအပ်ကြောင်း မှာကြားကာ     မီတာများ  စမ်းသပ်စစ်ဆေးနိုင်ရန် အတွက်   စက်ကိရိယာများ   တပ်ဆင်ထားမှုအခြေ အနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်          ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ      နေပြည်တော်တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံး၏  ပစ္စည်းစီမံရေးဌာန (စတို)သို့ ရောက်ရှိပြီး       စတိုအတွင်း    ထားသိုမှုများကိုလည်း သတ်မှတ်ထားမှုအတိုင်း   ဆောင်ရွက်ရန်၊   စာရင်း ရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန်၊ နှစ်ကြာ နေသည့်   ပစ္စည်းများကို   ဘုတ်အဖွဲ့ဖွဲ့၍  ၎င်းတို့မှ ဆယ်တင်ပစ္စည်းနှင့်   ဖျက်ဆီးသင့်သည့် ပစ္စည်းများ ကိုခွဲ၍     လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆက်လက် ဆောင်ရွက်သွားရန်    မှာကြားပြီး   စတိုအတွင်း ထိန်းသိမ်းထားရှိသည့် စီမံကိန်းလုပ်ငန်းများအတွက် အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲ နေရာချထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍          ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)    လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ တာဝန်ထမ်းဆောင် နေသော   ဝန်ထမ်းများနှင့်တွေ့ဆုံပြီး    လက်ရှိ ဓာတ်အားထုတ်လုပ်နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီကာလတွင်     မြို့နယ်များ၌   ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက် ထားဆောင်ရွက်ရန်၊    ဓာတ်အားခကြွေးကျန်များ လျော့နည်းစေရေးနှင့် ဓာတ်အားခများ  မှန်ကန်စွာ ကောက်ခံရရှိရေး ဝန်ထမ်းများအားလုံး ကြိုးပမ်း ဆောင်ရွက်ရန်၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူ နှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ် သဖြင့်   ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး  တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။                                            

သတင်းစဉ်