ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ   ၂၈
လျှပ်စစ်စွမ်းအား    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဉာဏ် ထွန်းသည်  တာဝန်ရှိသူများနှင့် အတူ    ယနေ့     နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်    ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ရှိ  ၅၀၀ ကေဗွီ လှိုင်သာယာ      (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ပဲခူး တိုင်းဒေသကြီး ဘုရားကြီးမြို့နယ် ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အား ခွဲရုံတည်ဆောက်ရေး   စီမံကိန်း လုပ်ငန်းများ   ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ မြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်)  ဓာတ် အားခွဲရုံတည်ဆောက်ရေး   စီမံ ကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက  ၅၀၀  ကေဗွီ ဘုရားကြီး-လှိုင်သာယာ  ဓာတ် အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်း နှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်  ဆက်လက် ဆောင်ရွက်သွားမည့်    လုပ်ငန်း အစီအမံများကို  ရှင်းလင်းတင်ပြ ကြသည်။ 
တင်ပြမှုများအပေါ်    ပြည် ထောင်စုဝန်ကြီးက  ယခုကာလ သည် ပွင့်လင်းရာသီဖြစ်ပြီး စပါး သီးနှံများ   ရိတ်သိမ်းပြီးချိန်ဖြစ် သည့်အတွက်  မြေသားလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ ကြိုးဆွဲခြင်း လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူ    ပစ္စည်းများ ကြိုတင်ပေးပို့ခြင်း၊ စီမံကိန်းတွင် အသုံးပြုမည့်   အထောက်အကူ ပစ္စည်းများ     ကြိုတင်သယ်ယူ ပို့ဆောင်ခြင်း      လုပ်ငန်းများကို ကြိုတင်    ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဆောင်ရွက်လျက် ရှိသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊  စက်ယန္တရား အင်အား၊ လုပ်ငန်းဆောင်ရွက်ချိန် များကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက် ညီ    ပြီးစီးနိုင်ရေး    အင်တိုက် အားတိုက်  ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊    လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဆောင် ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်    အချိန်ဇယားများ ရေးဆွဲထား၍   ၎င်းအချိန်ဇယား များအတိုင်း သတ်မှတ်ချိန်ပြီးစီး နိုင်ရေး     အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်     လိုအပ် ကြောင်း    မှာကြားပြီး   စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီး ခြင်းများ   ပေးအပ်ကာ   စီမံကိန်း လုပ်ငန်းခွင်အတွင်း ထရန်စဖော် မာများနှင့်     Shunt Reactor တပ်ဆင်နေမှု၊     Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Build-ing   တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ပဲခူးတိုင်းဒေသကြီး   ဘုရားကြီး မြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ  တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိ ကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက်ရေး  လုပ်ငန်းများ ဆောင်ရွက်နေမှုကို   လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
၅၀၀   ကေဗွီ   လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ် အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ စီမံကိန်းများသည် ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ကာ   ၂၀၂၄   ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး   ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်