ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ  အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်ယှဉ်ပြိုင်မှု ကြည့်ရှုအားပေး

 

 

ဗီယက်နမ်   မေ   ၁၀
ဗီယက်နမ်နိုင်ငံတွင်    ကျင်းပပြုလုပ်လျက်ရှိသည့်  (၃၁)  ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ     အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များကို  ယနေ့ မြန်မာစံတော်ချိန် ညနေ   ၃    နာရီခွဲတွင်   ဗီယက်နမ်နိုင်ငံ  Viet  Tri ဘောလုံး    အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ    အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ၊  ဗီယက်နမ်ဆိုင်ရာ    မြန်မာ သံအမတ်ကြီး   ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို  သုံးဂိုး- နှစ်ဂိုး ဖြင့်  အနိုင်ရရှိခဲ့ရာ  ပထမပိုင်း စတင်ပြီး  နှစ်မိနစ်အကြာတွင်  မြန်မာ အသင်းမှ ဝင်းနိုင်ထွန်းက  ဦးဆောင်ဂိုးသွင်းယူခဲ့သည်။  အနိုင်ဂိုးများကို ဒုတိယပိုင်း ၅၁ မိနစ်တွင် လွင်မိုးအောင်က လည်းကောင်း၊ ၅၄ မိနစ်တွင် စိုးမိုးကျော်ကလည်းကောင်း ထပ်မံသွင်းယူခဲ့သည်။ 
လက်ရှိတွင်  မြန်မာ အသင်းသည် နှစ်ပွဲကစား  နှစ်ပွဲအနိုင်ရလဒ်ဖြင့် အုပ်စု အဆင့်  ၁ နေရာ ၌   ရပ်တည်လျက်ရှိပြီး မေ ၁၃ရက်တွင်အိမ်ရှင်    ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊   အုပ်စုနောက်ဆုံး    ပွဲစဉ်အဖြစ်  မေ ၁၅ ရက်တွင်  အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း  ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သတင်းရရှိသည်။     
  သတင်းစဉ်