ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းနှင့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

 

 

နေပြည်တော်     ဧပြီ    ၂၅
အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန လူငယ် ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး   သင်တန်းအမှတ်စဉ်   (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို   ယနေ့ နံနက်  ၈ နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  (Gold Camp) ရှိ  Multipurpose Hall ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်များ          ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို   စနစ်တကျ   ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်စေ ရန်၊    ဝန်ထမ်းများအနေဖြင့်   ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊   ဘဏ္ဍာရေးစည်းမျဉ်း/  စည်းကမ်း များနှင့်   ရုံးလုပ်ငန်းများအား   ကောင်းမွန်စွာသိရှိ နားလည်ပြီး လုပ်ငန်းများကို  ပိုမိုကျွမ်းကျင်စွာဖြင့် စနစ်တကျ လျင်လျင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်စေရန်    ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းအချင်းချင်း မိမိတွင်ရှိသော အတွေ့အကြုံများနှင့် အခြားသူများ၏ အတွေ့အကြုံ များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း များ   အောင်မြင်အောင်    ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ “ဝန်ထမ်းကောင်း မှ နိုင်ငံ ကောင်းမည်”   ဟူသော   စကားနှင့်အညီ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အရည်အချင်း ပြည့်ဝ၍ စွမ်းဆောင်ရည်ရှိပြီး လုပ်ငန်းကျွမ်းကျင် သော   ဝန်ထမ်းကောင်းများ   များစွာလိုအပ်သည့် အတွက် ယခုသင်တန်းမှ ပို့ချချက်များကို မိမိတို့၏ လုပ်ငန်းခွင်လက်တွေ့နယ်ပယ်များ၌ ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ  ၂၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသော ၂၀၂၂   ခုနှစ် နွေရာသီ   အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့  နေပြည် တော်ကောင်စီဥက္ကဋ္ဌ     ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့်အတူ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဒေါက်တာမောင်မောင်နိုင်က   သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ယင်းနောက် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်းမှ        မြန်မာ့လက်ရွေးစင် အားကစားသမားများ၏     သရုပ်ပြသနေမှုများကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဆွေသဟာခြင်းလုံး ကလပ်မှ ခြင်းလုံးအားကစားသမားများ၏ ခြင်းလုံး အလှပြ သရုပ်ဖော်ကစားနေမှုများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်   Sports   သိုင်းကလပ်မှ   သိုင်း အားကစားသမားများ၏ သရုပ်ပြကစားနေမှုများကို လည်းကောင်း၊   ဇမ္ဗူသီရိမြို့နယ်   Fitness Dance အဖွဲ့နှင့် အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန Fitness Dance အဖွဲ့တို့၏ သရုပ်ပြဖျော်ဖြေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် နိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် အားကစား ပစ္စည်းများကို ထောက်ပံ့ပေးအပ်၍ သရုပ်ပြသခဲ့သည့် အဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် သည်။
အဆိုပါ သင်တန်းကာလမှာ  ဧပြီ  ၂၅ ရက်မှ   မေ ၁၄ ရက်အထိဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ အင်အား ၈၀၀ ဖြင့်   ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်