
နေပြည်တော် စက်တင်ဘာ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့်ကာယ ပညာ (သိပ္ပံ)ကျောင်းရှိ စားရိပ်သာ နှင့် သင်တန်းသား၊ သင်တန်းသူများ ကျွေးမွေးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းသား၊ သင်တန်းသူများကို ရင်အုပ်မကွာစောင့်ရှောက်၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ပြုစုပျိုးထောင်ကြရန်ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ အိပ်ဆောင် သုံးထပ်ဆောင်နှင့် ရေကူးကန် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာ (သိပ္ပံ) ကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားရာတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ နေထိုင်ပညာသင်ကြား အားကစား လေ့ကျင့်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဖြစ်မြောက်ရေးအတွက် ကြိုးစားလေ့ကျင့်သွားရန်လိုအပ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များအပါအဝင် ဘဝအာမခံရရှိရေးကို နိုင်ငံတော်က မူဝါဒချမှတ် စီစဉ်ဆောင်ရွက်နေပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည် နယ် တောင်ကြီးမြို့ ပြည်သူ့အားကစားရင်ပြင်နှင့် အားကစားသမားများ အားကစားနည်းများအလိုက် ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည် နယ် တောင်ကြီးအားကစားကွင်း Synthetic (ပြေးလမ်း) နှင့် ဘောလုံးကွင်း စိမ်းလမ်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ရှမ်း ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင် မှသာ မိမိတို့၏ အသင်းအဖွဲ့ မြို့နယ်/ခရိုင်/တိုင်း လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်း ပြည်နယ် တောင်ကြီးမြို့ရှိ အားကစားနည်းအလိုက် အားကစားသမားများ အားကစားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်