ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

 

နေပြည်တော်  ဇူလိုင် ၂၇


၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက် (၁၉) နှစ်အောက် (အမျိုးသား)  ဘောလုံးပြိုင်ပွဲကို ယနေ့  မွန်းလွဲ  ၃  နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း   လေ့ကျင့်ရေး ကွင်းအမှတ် (၁)နှင့် ကွင်းအမှတ် (၃) တို့၌  ဆက်လက်ကျင်းပရာ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးကျော် ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိသူ များနှင့်   အားကစားဝါသနာရှင် များ  တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

 


ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ     ပွဲစဉ်များအဖြစ်   ဝဏ္ဏ သိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်  (၁) ၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ကြရာ   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက တနင်္သာ ရီတိုင်းဒေသကြီးအသင်းကို သုံးဂိုး တစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့ပြီး  ဝဏ္ဏ သိဒ္ဓိဘောလုံး    အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်  (၃)   ၌ ရခိုင်ပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့   ယှဉ်ပြိုင် ကစားခဲ့ကြရာ  တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ 

 


ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဇူလိုင် ၂၈ ရက်  နံနက်  ၇    နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံး   အားကစား ကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃)၌  ပဲခူးတိုင်းဒေသကြီးအသင်း နှင့် မကွေးတိုင်းဒေသကြီးအသင်း၊ မွန်းလွဲ   ၃   နာရီခွဲတွင်  ဝဏ္ဏသိဒ္ဓိ ဘောလုံး         အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်  (၁) ၌ မန္တလေးတိုင်းဒေသကြီးအသင်း နှင့်  ချင်းပြည်နယ်အသင်း၊ ဝဏ္ဏ သိဒ္ဓိဘောလုံး   အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့   ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ရာ    ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စား သည့်      မည်သူမဆို      အခမဲ့ လာရောက်ကြည့်ရှု  အားပေးနိုင် ကြောင်း သိရသည်။  

သတင်းစဉ်