
ရန်ကုန် နိုဝင်ဘာ ၂၆
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့တွင် မြန်မာ နိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး ခြောက်ခန်းတွဲ လေးထပ်အား ကစားသမား အိပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့ချုပ်ရှိ လူငယ် အားကစားသမားများ၊ လက်ရွေးစင်အားကစားသမားနှင့် တွေ့ဆုံ၍ အားကစားသမားများ အတွေ့အကြုံကောင်းများ ရရှိစေ ရန်အတွက် ဖိတ်ခေါ်ပြိုင်ပွဲများ ကိုလည်း စေလွှတ်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေ ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်ရန် စေလွှတ်ခြင်း နှင့် ပတ်သက်၍ မြန်မာ့အားကစား အောင်နိုင်ရေးအတွက် အထောက် အကူပြုအကျိုးရှိစေရန် သေချာ စိစစ်၍ စေလွှတ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့ချုပ်မှ တင်ပြတောင်းခံထားသည့် Gym ခန်း၌ အသုံးပြုမည့် လေ့ကျင့်ရေး စက်အမျိုးအစားကိုလည်း အသုံး ပြုနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားပြီး စားရိပ် သာနှင့် အားကစားသမားများ အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ ကျိုက္ကဆံအားကစားကွင်းရှိ အမျိုးသမီးအိပ်ဆောင်၊ အမျိုးသား အိပ်ဆောင်၊ စားရိပ်သာနှင့် စားဖို ဆောင်ဆောက်လုပ်ပြီးစီးမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ကျိုက္ကဆံ အားကစားကွင်းရှိ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသား သင်တန်းသူ များနှင့်အတူ အထူးနေ့လယ်စာ ကို အတူတကွ သုံးဆောင် ခဲ့သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် ရှိ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ် များမှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ငါးလသာလိုတော့သည့် အချိန် တွင် အချိန်မှန်မှန်လေ့ကျင့်မှု မှာ အဓိကကျသည့်အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ် များအနေဖြင့် နေပြည်တော်တွင် လေ့ကျင့်မှုများ ပြုလုပ်လိုပါက လည်း နေထိုင်စားသောက်ရေး ကိစ္စရပ်များ ၊ လေ့ကျင့်မှုကိစ္စရပ် များကို စနစ်တကျ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ အားကစား အာဆီယံနိုင်ငံများ အကြား ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရာမှတစ်ဆင့် ဂုဏ်ယူ ဝင့်ကြွားနိုင်သည်အထိ ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက်လာသည့် ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက တာဝန်ယူ ဆောင်ရွက်နေသော အားကစားနည်းအလိုက် ဆီးဂိမ်း တွင် အောင်မြင်မှုရရှိရေး ဆောင် ရွက်ထားရှိမှုများနှင့် လိုအပ်ချက် များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အဖွဲ့ချုပ်ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်