
နေပြည်တော် ဖေဖော်ဝါရီ ၁၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ မွန်းလွဲ ၃ နာရီတွင် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ ဆရာမများက စနစ်တကျသင်ကြားလေ့ကျင့်ပေး နေမှု၊ ခြင်းလုံးအားကစားသမားများနှင့် ဗိုဗီနမ် အားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဖူဆယ် အားကစားရုံတွင်(Hooptakraw) ဂွင်းသွင်း ခြင်းခတ် အားကစားသမားများ၏ လေ့ကျင့်နေမှု၊ အလေးမ အားကစားရုံတွင် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှု၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (GYM) ခန်းမတွင် ပိုက်ကျော်ခြင်း အားကစားသမားများ၏ (GYM Training) လေ့ကျင့် နေမှု၊ အားနစ်အားကစားသမားများ၏ လေ့ကျင့်နေမှု ကိုလည်းကောင်း၊ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများကို (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် အချိန်ကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် နည်းပြဆရာ၏ သင်ကြားပေးမှုအတိုင်း ကြိုးစားလေ့ကျင့်ရန်လို ကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရန်နှင့် အဆင့်တန်းမြင့်မြင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယခုကတည်းက အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန် လိုကြောင်း၊ ကျန်းမာရေးသည် အဓိကအရေးကြီး သည့်အတွက် နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးမကောင်းပါက မိမိတို့ ကြိုးစားလေ့ကျင့် ထားမှုများ၊ အရည်အချင်းများ ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးနိုင်ပြီး မိမိကိုယ်တိုင်ရော နိုင်ငံ အတွက်ပါ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ အားကစားသမား များအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် အောင်မြင် မှုရရှိရန် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခန်း အားသွန်ခွန်စိုက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွား ကြရန်လိုကြောင်း၊ မိမိခံနိုင်ရည်အား၊ သက်လုံ၊ ကျွမ်းကျင်မှုများကို ကြိမ်ဖန်များစွာ ပိုမိုတိုးတက် ကောင်းမွန်အောင် နည်းပြများ၏ သင်ကြားပြသ လေ့ကျင့်ပေးသည့်အတိုင်း စနစ်တကျလေ့ကျင့် ကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့် အားကစား သမားများကို သားသမီးများသဖွယ် ဂရုစိုက် စောင့်ရှောက်၍ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပြများ အချင်းချင်း ညီအစ်ကိုမောင်နှမကဲ့သို့ စည်းလုံးညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားကြရန်လို ကြောင်း၊ အားကစားသမားများကို Training ပြုလုပ် ရာတွင် မခိုမကပ်ဘဲ ပြည့်ပြည့်ဝဝလေ့ကျင့်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု၊ ခံယူချက်၊ အနိုင်ရလိုစိတ် ပြင်းပြစေရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာများတွင် အနီးကပ်စောင့်ကြည့်၍ ၎င်းတို့ ၏ ကိုယ်ရေး ကိုယ်တာ အခက်အခဲများ၊ လိုအပ်ချက် များ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အခက်အခဲများ ရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ(၁)နှင့်(၂)တို့တွင် အားကစား သမားများကို ညနေစာပြင်ဆင်ကျွေးမွေးနေမှု၊ အသီး အရွက်ထားရှိသည့်နေရာနှင့် အသီးအရွက်လှီးဖြတ် သည့်နေရာ၊ ချက်ပြုတ်သည့်နေရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အစားအစာများကို အရသာရှိရှိ၊ အာဟာရနှင့် ညီညွတ်မျှတပြီး သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်