ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးရေး စခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ဩဝါဒခံယူခြင်းအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည်   ယနေ့  မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ကျင်းပသည့် ထိုင်းနိုင်ငံ တွင်  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ထုတ်ပေးရေးစခန်းများတွင်   သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများမှ ဩဝါဒခံယူခြင်းအခမ်းအနားသို့   တက်ရောက်အမှာ စကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာန ဆိုင်ရာ  တာဝန်ရှိသူများ၊    CI စာအုပ်ထုတ်ပေးရေး   စခန်းများ တွင်    တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ    တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း    တင်သွင်းထား သည့်အထောက်အထားမဲ့ မြန်မာ အလုပ်သမား  ကိုးသိန်းနီးပါးခန့် ကို   မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်  (CI)   နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အလုပ် သမားသက်သေခံကတ်  (OWIC) ထုတ်ပေးနိုင်ရေး မြန်မာ - ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်အရ CI ထုတ်ပေးနိုင်ရေးစခန်း   ငါးခု နှင့် Mobile Unit သုံးခု ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေ သည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား  CI  နှင့် OWIC ထုတ်ပေးရခြင်းမှာ တရား ဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍  ထုတ်ပေးရခြင်းဖြစ် ပြီး ထိုသို့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိပါက    အလုပ်သမား အခွင့်အရေးများ အပြည့်အဝရရှိ မည်ဖြစ်ကြောင်း၊   တာဝန်ထမ်း ဆောင်မည့်ဝန်ထမ်းများအနေဖြင့် CI နှင့် OWIC ပြုလုပ်မည့် အလုပ် သမားများသည် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ငွေကြေး အကုန်အကျခံ၍  ဆောင်ရွက်ရ ခြင်းဖြစ်သည့်အတွက် စေတနာ ထား၍ ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း။ 
တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏    လုပ်ထုံး လုပ်နည်းများအတိုင်း တိတိကျကျ ဆောင်ရွက်ခြင်း၊   ဝန်ထမ်းများ အချင်းချင်း      နိုင်ငံ့ဝန်ထမ်း စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စေတနာ၊ ကရုဏာထား၍ဆောင် ရွက်ခြင်းတို့ဖြင့်     နိုင်ငံဂုဏ်ကို ဆောင်ရမည်ဖြစ်သည့်အပြင် နိုင်ငံ တော်နှင့် ဝန်ကြီးဌာနကိုယ်စားပြု သွားရောက်ခြင်းဖြစ်သည့်အတွက် အပြုအမူ၊  အပြောအဆိုများကို ဆင်ခြင်ထိန်းသိမ်းကြရန် မှာကြား သည်။
ထို့နောက်   အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်နှင့်   ညွှန်ကြား ရေးမှူးချုပ်၊  ပြည်ထဲရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက တာဝန်ထမ်း ဆောင်မည့်  ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်