ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ MoU လုပ်သားများကို တွေ့ဆုံအားပေးစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၉
အလုပ်သမားရေးရာ    ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး  မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးရန်အတွက်     ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း   ယမန်နေ့   ညပိုင်း တွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့်    မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ တို့သည် ဗန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်  အလုပ် လုပ်ကိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ MoU အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)ထုတ်ပေးရေး စခန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်   ယနေ့ နံနက်ပိုင်းတွင်    လေကြောင်းခရီးဖြင့် တာ့ခ်ခရိုင်  မဲဆောက်မြို့သို့    ရောက်ရှိ၍ ၎င်းမှတစ်ဆင့်    မြန်မာနိုင်ငံ    မြဝတီမြို့ နှစ်နိုင်ငံနယ်စပ်   ချစ်ကြည်ရေးတံတား အမှတ်(၂)တွင်  ဖွင့်လှစ်ထားသည့်  MoU U-Turn အလုပ်သမားများကို (Overseas Worker Identification Card-OWIC) ထုတ်ပေးရေးစခန်းသို့  သွားရောက်စစ်ဆေးသည်။ 
စစ်ဆေးစဉ်  မြန်မာဘက်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက   မြန်မာဘက် အနေဖြင့် မြဝတီမြို့နှင့် ကော့သောင်းမြို့ တို့၌  အလုပ်ရှင်၊  အလုပ်သမား  အလုပ် ခန့်ထားမှုဆိုင်ရာ   သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် OWIC ထုတ်ပေးခြင်းဆိုင်ရာ MoU U-turn လုပ်ငန်းစဉ်ကို  One Stop Service ဖြင့်  နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ထိုင်းအလုပ်အကိုင် ဌာနမှ work permit နှင့် ဗီဇာကို အမြန် ဆုံးထုတ်ပေးနိုင်ရေး ထိုင်းနိုင်ငံဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။
ဝန်ထမ်းများအနေဖြင့် မြန်မာအလုပ် သမားများအတွက် U-turn လုပ်ငန်းစဉ် များ  နေ့ချင်းပြီး   ဆောင်ရွက်ပေးနိုင်ရေး အတွက်   စည်းစည်းလုံးလုံးနှင့်    ညီညီ ညွတ်ညွတ်ဆောင်ရွက်ပေးစေလို ကြောင်း၊  MoU  အလုပ်သမားများအနေဖြင့်   အချိန် နှောင့်နှေးကြန့်ကြာမှုမရှိစေရန်   မြန်မာ နိုင်ငံဘက်သို့ ရောက်ရှိပြီး နေ့တစ်ဝက်ခန့် အချိန်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီး အောင် ဆောင်ရွက်ကာ ယင်းနေ့အတွင်း ထိုင်းနိုင်ငံသို့    ပြန်လည်ထွက်ခွာနိုင်ရန် အတွက်     ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်၍  တာဝန်ထမ်းဆောင် သည့် ဝန်ထမ်းများသည်  ဝန်ကြီးဌာန၏ ရည်မှန်းချက် အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြား ခဲ့ပြီး MoU U-turn လုပ်ငန်းစဉ်ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှု၍ MoU U-turn     မြန်မာအလုပ်သမားများနှင့် ပြည်တော်ပြန်  မြန်မာအလုပ်သမားများကို ရင်းရင်းနှီးနှီး  တွေ့ဆုံ၍  အားပေးစကား များ ပြောကြားသည်။
ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ  SAHA Inter-Holding     ခြေအိတ်စက်ရုံသို့ သွားရောက်ရာ  စက်ရုံတာဝန်ရှိသူများ က   မြန်မာအလုပ်သမားများဖြင့်   အလုပ် လုပ်ကိုင်နေကြသည့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများ ကို   ရှင်းလင်းတင်ပြရာ   ပြည်ထောင်စု ဝန်ကြီးက စက်ရုံတွင် အလုပ်လုပ်ကိုင်နေ ကြသော    မြန်မာအလုပ်သမားများကို  ၎င်းတို့၏  သက်ဆိုင်ရာ  မိသားစုများထံ ရရှိလစာ   ၂၅   ရာခိုင်နှုန်း   ပေးပို့ကြရန်၊ Remmittance Management System  Mobile Application ဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ကို  ရှင်းလင်း ပြောကြား၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ကိုယ်စားလှယ်ကအခွန်  ၂ ရာခိုင်နှုန်း အကြောင်း   ရှင်းလင်းခြင်းနှင့်   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန   ကိုယ်စားလှယ်က  EID    စနစ် အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်