ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၈ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်သည် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ နံနက်ပိုင်းတွင်လည်း ကောင်း(ယာပုံ)၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား မွန်းလွဲပိုင်းတွင် လည်းကောင်း အဆိုပါဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး နှစ်ဖက် ညှိနှိုင်းဆောင်ရွက်နေမှု၊ တတိယ အကြိမ် ရုရှား − မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်မှုနှင့်စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေး၏ သဘောတူညီမှုများအား ပူးပေါင်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ အကြား စားရေရိက္ခာဖူလုံရေး ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲ ရလဒ်မှ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်လိုသည့် ဦးစားပေးလုပ်ငန်း များ၊ မြန်မာနိုင်ငံတွင် သဘာဝ အပင်ကြီးထွားဆေးစက်ရုံ တည် ဆောက်ရန်ကိစ္စရပ်၊ မြန်မာ့ ရေ၊ မြေ၊ ရာသီဥတု၊ သီးနှံလိုအပ်ချက် နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေ ဩဇာများ ရုရှားနိုင်ငံမှ တင်သွင်း နိုင်ရေးနှင့် ဆန်နှင့်ပဲမျိုးစုံ အပါ အဝင် မြန်မာ့လယ်ယာထွက်ကုန် များအတွက် ဈေးကွက်အခွင့် အလမ်းရရှိရေး ပူးပေါင်းဆောင် ရွက်ရန်ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြ သည်။ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ် အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် တွေ့ဆုံစဉ် Egyptian Inter-national Center for Agriculture (EICA) တွင် ဖွင့်လှစ်ပို့ချသည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်း ပညာသင်တန်းသို့ တက်ရောက် ရန် မြန်မာနိုင်ငံမှ သင်တန်းသား များစေလွှတ်ခဲ့မှု၊ နှစ်နိုင်ငံ လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအသစ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက် မှု၊ ဝါမျိုးများဖလှယ်ရေး၊ ဝါသီးနှံ နှင့် အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ် မှုဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိ သည်။ သတင်းစဉ်