
နေပြည်တော် ဇွန် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင် ပိုးသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဗဟိုဌာနသို့ ရောက်ရှိပြီး ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူ ခြင်း၊ ပိုးရောဂါစစ်ဆေးခြင်း နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဒိုးကွင် ဥယျာဉ်ခြံ၌ ဆေးဖက်ဝင်သစ်ခွ နှင့် ရှားပါးသစ်ခွမျိုးများ မျိုးထိန်း၊ မျိုးပွား ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုပြီး တန်ဖိုးမြင့် သစ်ခွ မျိုးသစ်များ မျိုးပွားထုတ်လုပ်နိုင် ရေးနှင့် သစ်ခွစီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အတူ အောင်မြေသာစံမြို့နယ်ရှိ မွေးမြူရေးသုတေသန ဦးစီးဌာန မွေးမြူရေး သုတေသနစခန်း (မန္တလေး)သို့ ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ကြီးတံခွန် မြို့နယ်ရှိ လယ်ယာသုံးစက် ကိရိယာအရည်အသွေး စမ်းသပ် စစ်ဆေးရေးဌာန၏ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုး အရည် အသွေး စမ်းသပ်စစ်ဆေးခြင်း၊ ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက် များ၏ စွမ်းဆောင်ချက် အရည် အသွေးနှင့် တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှု၊ စက်ကိရိယာ များ၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်အသုံးခံနိုင်မှု ရှိ/မရှိ သိရှိ နိုင်ရေး စစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင် ရာဒေသအစိုးရများ၏ ကြီးကြပ်မှု ဖြင့် ဌာနပိုင် လယ်ယာသုံး စက်ကိရိယာများ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျစီမံဆောင်ရွက် ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် နတ်ရေကန် ငါးလုပ်ငန်းစခန်း ငါးသားပေါက် ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံ ငါးမွေးတောင်သူများ လိုအပ်သော ငါးသားပေါက် ထုတ်လုပ်မှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် လျက်ရှိသည့် ငါးမျိုးစိုက်ထည့်ခြင်း အတွက် ကျန်းမာသန်စွမ်းသော ငါးသားပေါက်များ ထုတ်လုပ်မှု လျာထားချက်ပြည့်မီရေး ကိစ္စရပ် များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)သို့ ရောက်ရှိပြီး လယ်ယာသုံး စက်ကိရိယာများ ပြန်လည် ထုတ်လုပ်ဆောင်ရွက် နိုင်မည့်အခြေအနေ၊ လက်တွန်း ထွန်စက် တပ်ဆင်ရေးအလုပ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမှာစာရင်း ပေးပို့ထားသည့် မျိုးစေ့ချကိရိယာများ ထုတ်လုပ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားပြီး စက်ရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်