ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်    ဒီဇင်ဘာ  ၆
အလုပ်သမားဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး     ဦးမြင့်နောင် ဦးဆောင်၍  စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အလုပ်သမားဝန်ကြီးဌာန တို့မှ    အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ်(၆)ဦး တို့သည် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး၏ ဖိတ်ကြားမှုအရ အလုပ် သမားရေးရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှု    ပြုလုပ်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ တာဝန်ရှိသူများ က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်    ထိုင်းနိုင်ငံ    သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး မဟာချိုင်မြို့ရှိ မြန်မာ အလုပ်သမားများ အလုပ်လုပ်ကိုင် လျက်ရှိသည့် Thai Union စက်ရုံ သို့ သွားရောက်၍ မြန်မာအလုပ် သမားများကို အားပေးတွေ့ဆုံကာ သက်ဆိုင်ရာ မိသားစုများထံ ရရှိ လစာ၏ ၂၅ ရာခိုင်နှုန်း ပေးပို့ကြ ရန်၊ Remittance Management System Application ဖြင့် တရား ဝင် လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲနိုင်ရေး ရှင်းလင်းပြောကြား ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန    ကိုယ်စားလှယ်က    အခွန် ၂ ရာခိုင်နှုန်းအကြောင်းနှင့် လူဝင် မှု    ကြီးကြပ်ရေးနှင့်     ပြည်သူ့ အင်အားဝန်ကြီးဌာန    ကိုယ်စား လှယ်က   EID   စနစ်အကြောင်း ရှင်းလင်းပြောကြားပြီး      မြန်မာ အလုပ်သမားများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေး ကာ နေ့လယ်စာ အတူသုံးဆောင် ကြသည်။ 
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    မဟာချိုင် မြို့ရှိ       သာမန်မြန်မာနိုင်ငံကူး လက်မှတ်      အချက်အလက် ကောက်ယူရေးဌာနစိတ်  (Tem-porary Data Collection Center- TDCC) သို့ သွားရောက်၍ လိုအပ် သည်များ     ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး   ဦးဆောင်သည့်    မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်     ထိုင်း နိုင်ငံ    အလုပ်သမားဝန်ကြီးဌာန အထူးဧည့်သည်တော်ခန်းမတွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန    ဝန်ကြီး     Mr. Phiphat Ratchakitprakarn     ဦးဆောင် သည့် အလုပ်သမားရေးရာ တာဝန် ရှိသူများနှင့်   တွေ့ဆုံ၍   မြန်မာ ရွှေ့ပြောင်း  အလုပ်သမားရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 
ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ    ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု  စာချွန်လွှာ(MoU)နှင့် အလုပ်သမား များ   အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရေး၊         ထိုင်း အစိုးရအဖွဲ့      ဆုံးဖြတ်ချက်အရ ယာယီနေထိုင်   အလုပ်လုပ်ကိုင် ခွင့်အတွက်       အမည်စာရင်း တင်သွင်းထားသည့် အလုပ်သမား များကို   (ပန်းရောင်ကတ်) ထုတ် ပေးနိုင်ရေး၊ အထောက်အထားမဲ့ မြန်မာ     အလုပ်သမားများအား မည်သူမည်ဝါ          ဖြစ်ကြောင်း သက်သေခံလက်မှတ်    (Certifi-cate of Identity- CI)ဖြင့် တရား ဝင်   နေထိုင်လုပ်ကိုင်ခွင့်ရရှိရေး အတွက်   ရှေ့ဆက်ဆောင်ရွက်ရ မည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း  အလုပ်သမား များ၏ လုပ်ခလစာများကို မြန်မာ နိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင် များထံသို့ တရားဝင်လမ်းကြောင်း မှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာ    ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး  ထိုင်းနိုင်ငံဘက်မှ  Visa ကြေးများကို ဖြေလျှော့ဆောင်ရွက် ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း    ပြောကြား သည်။ 
MoU  လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည်   ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ အများ ဆုံး နေထိုင်အလုပ်လုပ်ကိုင်လျက် ရှိသည့် နေရာဒေသများရှိ စက်ရုံ၊ အလုပ်ရုံများသို့     သွားရောက် တွေ့ဆုံအားပေးခြင်းနှင့်      ထိုင်း နိုင်ငံ ဘတ် ၅ သန်းကုမ္ပဏီများ နှင့်     MoU    လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါ      ဖြစ်ကြောင်း သက်သေခံလက်မှတ်  (CI)  ထုတ် ပေးရေးစခန်း  ဖွင့်လှစ်မည့်နေရာ နှင့်     အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်    နေရာ တို့ကို       စစ်ဆေးကြည့်ရှုခြင်း များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                       
သတင်းစဉ်