ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် UIDAI ၏ နည်းပညာဗဟိုဌာနနှင့် IIIT Bangalore သို့ သွားရောက်၍ Aadhaar စနစ်နှင့် MOSIP စနစ်တို့၏ နည်းပညာဆိုင်ရာများလေ့လာ

 

နေပြည်တော်    ဇူလိုင်     ၂၉


အိန္ဒိယနိုင်ငံ၌ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဦးမြင့်ကြိုင်    ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ သွားရောက်လေ့လာကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့အား    UIDAI  နည်းပညာဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Tanusree Deb Barma နှင့် လုပ်ငန်းတာဝန်ခံ များက နည်းပညာဗဟိုဌာန (ဘန်ဂလော)၌ UIDAI ၏ Aadhaar စနစ်ဖြင့်  နည်းပညာဆိုင်ရာလုပ်ငန်း များဆောင်ရွက်နေမှု၊ Aadhaar စနစ်နှင့်ပတ်သက်၍ အချက်အလက်များ ထည့်သွင်းခြင်းနှင့်အထောက် အထားစိစစ်ခြင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ် တိုးတက်စေရေးဆောင်ရွက်နေမှု၊  Aadhaar စနစ်၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ နည်းပညာ ဗဟိုဌာနမှ စစ်ဆေးအကဲဖြတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် နည်းပညာဗဟိုဌာန Network Operation Center (NOC) အတွင်း Aadhaar စနစ်အား ၂၄ နာရီ ကွပ်ကဲ ထိန်းချုပ်မှုလက်တွေ့ဆောင်ရွက်နေမှု အခြေအနေ ကို   လှည့်လည်ကြည့်ရှုလေ့လာကြပြီး    လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍  သိရှိလိုသည် များကို မေးမြန်းဆွေနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ   အပြန်အလှန်ပေးအပ်ကြပြီး   စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဘန်ဂလောမြို့ Electronic City ရှိ Interna-tional  Institute  of  Information  Technology Bangalore (IIIT-B)  သို့  ရောက်ရှိရာ   Professor. Debabrata Das  နှင့် တာဝန်ရှိသူများက   IIIT-B တည်ထောင်ထားရှိမှုနှင့်    မြန်မာနိုင်ငံတွင်လည်း သတင်းအချက်အလက်  နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ Modular  Open  Source Identity  Platform (MOSIP) နည်းပညာဆိုင်ရာများ ကို နိုင်ငံအချို့နှင့် ချိတ်ဆက်ပံ့ပိုးကူညီဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းတွင် နှစ်နိုင်ငံ အစိုးရအချင်းချင်း  ပူးပေါင်းဆောင်ရွက်ရာ၌  ပံ့ပိုး ကူညီပေးနိုင်ရေးအခြေအနေများကို   အပြန်အလှန်  မေးမြန်းဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည်    ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်  တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်