ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၂၂


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး  ဦးမြင့်ကြိုင်နှင့်  အဖွဲ့ သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်     ဦးသော်တာ အောင်နှင့်အတူ ယမန်နေ့ နံနက် ၉   နာရီခွဲက   ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ်    အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့     သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး  ဝန်ကြီးဌာန နိုင်ငံတကာ   ဆက်ဆံရေးဌာန ကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယ ဌာနမှူး Mr. Jia Dong နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။


ရှင်းလင်းပြောကြား


တွေ့ဆုံစဉ် ညွှန်ကြားရေးမှူး ချုပ်    Mr. Hu Xiaoming နှင့် ဒုတိယဌာနမှူး Mr. Jia Dong တို့က တရုတ်-မြန်မာ  ချစ်ကြည် ရင်းနှီးမှုနှင့်   နယ်စပ်နေပြည်သူ များ အပြန်အလှန် ကူးလူးဆက်ဆံ သွားလာနေမှု၊  ယူနန်ပြည်နယ် ရွှေလီ-မူဆယ်ဒေသတွင် ကိုဗစ်- ၁၉ ဖြစ်ပွားမှု      ကာလအတွင်း ရောဂါ   ကာကွယ်ထိန်းချုပ်ရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နယ်စပ် ဒေသတည်ငြိမ်  အေးချမ်းရေးနှင့် တရားဝင် ဝင်ထွက်သွားလာနိုင် ရေးအတွက်    ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး    ဌာနနှင့် မူဆယ်ဘက်မှ  လူဝင်မှုကြီးကြပ် ရေးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှု၊ တရုတ် နိုင်ငံ၏   ရပ်ဝန်းတစ်ခု၊    လမ်း ကြောင်းတစ်သွယ် စီမံချက်တွင် ယူနန်ပြည်နယ်၏    အရေးပါမှု အခြေအနေ၊ နှစ်နိုင်ငံ   နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ဝင်/ပြည်ထွက်ဆိုင်ရာ လူဝင် မှု     ကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက်အပြန်အလှန်   သတင်း အချက်အလက်များ မျှဝေနိုင်ရေး အခြေအနေများနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။


ဆွေးနွေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက     မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ     ပူးပေါင်း ဆောင်ရွက်နေမှု      အခြေအနေ၊ ကိုဗစ်-၁၉  ကာလ   နောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ် များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နေမှုနှင့်  မူဆယ်- ရွှေလီဂိတ်မှ မြန်မာနှင့်   တရုတ်နိုင်ငံသားများ နိုင်ငံကူးလက်မှတ်   (Passport) ဖြင့်      ဖြတ်သန်းသွားလာခွင့် ဆောင်ရွက်မည့်      အခြေအနေ၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေး ရေးဂိတ်များကို နှစ်နိုင်ငံပြည်သူ များ စိတ်အေးချမ်းသာစွာ ကူးလူး ဖြတ်သန်း၍ စီးပွားရေး၊ လူမှုရေး ဆိုင်ရာလုပ်ငန်းများ  ဆောင်ရွက် နိုင်ရေးအတွက်   နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ဝင်ထွက် မှုမရှိစေရေး၊     မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်    အွန်လိုင်းဖြင့် လောင်းကစားမှုများ  မရှိစေရေး အတွက် အလေးဂရုပြုဆောင်ရွက် နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံ နှင့်နယ်နိမိတ် ရှည်လျားစွာထိစပ် နေသည့်     ယူနန်ပြည်နယ်နှင့် ပူးပေါင်းကာ   နှစ်နိုင်ငံနယ်စပ် ဒေသ  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ       ပိုမို ထိရောက်စွာ   ကြိုးပမ်းအကောင် အထည်ဖော်   ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်    စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရသည်။    

သတင်းစဉ်