ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော် ဒီဇင်ဘာ ၂၇


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး         ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ     နီပေါနိုင်ငံ သံအမတ်ကြီး Mr. Harishchan-dra Ghimire နှင့် အဖွဲ့ကို  ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အဆိုပါ   ဝန်ကြီးဌာနဝန်ကြီးရုံးအစည်းအဝေးခန်းမ၌   လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   မြန်မာ  - နီပေါ နှစ်နိုင်ငံအနေဖြင့်        ယခင် ကတည်းက  ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ၍  အပြန်အလှန်  ဗီဇာ ကင်းလွတ်ခွင့်ဖြင့်    နှစ်နိုင်ငံဝင် ထွက်သွားလာမှု၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နီပေါနိုင်ငံသား များနှင့် ပတ်သက်၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ       ကိစ္စရပ်များအတွက် အပြန်အလှန်  ဆက်သွယ်ဆောင် ရွက်နိုင်မည့်  လုပ်ငန်းအခြေအနေ များနှင့်   စပ်လျဉ်း၍   ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်