ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မိုးကောင်းရတနာ မိခင်နှင့် ကလေး လူမှုဖူလုံရေးဆေးခန်း (ဘောက်ထော်)၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)နှင့် Moe Moe Family Vocational Training Center ၌ အထည်ချုပ်သင်တန်းဖွင့်လှစ်မှု ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်     ဧပြီ    ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက  အလုပ်သမားဝန်ကြီးဌာန၊  လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော  မိုးကောင်းရတနာ မိခင်နှင့် ကလေးဆေးခန်း (ဘောက်ထော်) သို့ ရောက်ရှိကြပြီး ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆေးဝါးကုသပေးနေမှု၊ အတွင်းလူနာ ကုသဆောင် နှင့်   လူမှုဖူလုံရေးအဖွဲ့အာမခံ   အမျိုးသမီးအလုပ် သမားများအတွက် မီးဖွားမှုနှင့်ဆိုင်သော ကျန်းမာ ရေး      စောင့်ရှောက်မှုပေးနေမှု      အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဝန်ဆောင်မှုများပေးလျက်ရှိ
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်      လူမှုဖူလုံရေး အကျုံးဝင်အာမခံ အလုပ်သမားများအတွက် အလုပ်  သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆  ခန်း၊  တိုင်းရင်းဆေးခန်း တစ်ခန်း၊  ဌာနကြီး ဆေးခန်း  ၅၆  ခန်းတို့ဖြင့်    ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ    ပေးအပ်နိုင်ရေး အတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်  ရှိသော ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှု ဝယ်ယူသူ  ခွဲခြားသည့်စနစ် (Provider Purchase Split System- PPS)  အရ  ပုဂ္ဂလိကနှင့်ပူးပေါင်း၍  နေပြည်တော် ကောင်စီအပါအဝင်       တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် Fee for Service Payment ဖြင့် စာချုပ်ဆေးခန်း ၁၁ ခန်းနှင့် Capitation Payment ဖြင့် စာချုပ်ဆေးခန်း ၁၄ ခန်းတို့ကို စာချုပ်ချုပ်ဆို ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး  အဆိုပါ ဖွင့်လှစ်ထားသည့် စာချုပ်ဆေးခန်းများ၏ တည်နေရာများအား လူမှုဖူလုံရေးအဖွဲ့၏ Website (www.ssb.gov.mm) တွင် ကြေညာထားသည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)   သို့   ရောက်ရှိပြီး   လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း ပို့ချနေမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက သင်တန်းကျောင်း  ဖွင့်လှစ်နေမှု   အခြေအနေများကို   ရှင်းလင်းတင်ပြ သည်။
အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်
တင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီး က     အလုပ်သမားဝန်ကြီးဌာနအနေဖြင့်     မြန်မာ လုပ်သားထု၏    ကျွမ်းကျင်မှု   ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း  များ တည်ထောင်ဖွင့်လှစ်၍ စျေးကွက်လိုအပ်ချက် နှင့်ကိုက်ညီသော  အသက်မွေးဝမ်းကျောင်းဆိုင်ရာ  ကျွမ်းကျင်မှုသင်တန်းများကို   ကာလတိုသင်တန်း များအဖြစ်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ Focal အဖြစ် တာဝန်ယူ ဆောင်ရွက်သော     မြန်မာနိုင်ငံ      လုပ်သားများ ကျွမ်းကျင်မှု       “စံ”    သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority –NSSA)ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊  ကျွမ်းကျင်လုပ်သားများ    မွေးထုတ်ပေးနိုင်ရေး၊ Skilled Labour များအား လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်၍     Certificate       ထုတ်ပေးရေးတို့ကို အလေးထား    ဆောင်ရွက်လျက်ရှိကြောင်း၊     ယခု ဖွင့်လှစ်ပို့ချသည့်   သင်တန်းသည်   ရန်ကုန်တိုင်း ဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီမှ ကလေးအလုပ်သမား  ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက် (ပထမ  ၅  နှစ်စီမံချက်) အရ ပညာရေးနှင့်  အသက်မွေးဝမ်းကျောင်းပညာ   အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်    စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  ယခုကဲ့သို့ သင်ယူမှုအခွင့်အလမ်းများ ရရှိနေချိန်တွင်  သင်တန်းသားများအနေဖြင့်  မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိသားစုများ အကျိုးကျေးဇူးရရှိစေရန်နှင့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ  ပြုနိုင်ရန်   အသက်မွေးဝမ်းကျောင်း    အတတ်ပညာ များကို စနစ်တကျ ကြိုးစားသင်ယူကြရန် လိုအပ် ကြောင်း ပြောကြားသည်။ 
ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည်  မင်္ဂလာဒုံမြို့နယ်ရှိ Moe Moe Family Voca-tional   Training   Center   ၌  ကိုဗစ်-၁၉    ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အထည် ချုပ်သင်တန်း   ဖွင့်လှစ်ဆောင်ရွက်နေမှုကို     သွား ရောက် ကြည့်ရှုစစ်ဆေးပြီး ကျွမ်းကျင်မှု သင်တန်း များကို အရည်အသွေးပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ်  ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် သင်တန်းကျောင်းအနေ ဖြင့်    ပြင်ဆင်ဆောင်ရွက်ရန်    မှာကြားခဲ့ကြောင်း သိရသည်။                    သတင်းစဉ်