ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြစ်ကြီးနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများ စစ်ဆေး

 

နေပြည်တော်    ဇူလိုင်   ၄


အလုပ်သမား၊    လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဆိုင်ရာ  ကချင်ပြည်နယ်    ဦးစီးမှူးရုံးသို့ရောက်ရှိပြီး       လှည့်လည်ကြည့်ရှု စစ်ဆေးကာ  တာဝန်ရှိသူများအား လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။


ထိုမှတစ်ဆင့်    ပြည်ထောင်စုဝန်ကြီးသည် ဧရာရပ်ကွက်ရှိ   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဆိုင်ရာ         မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး အဆောက်အအုံနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံး၏ မှတ်တမ်းခန်းအခြေအနေတို့ကို     လည်းကောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ပြည်နယ်နှင့်  မြို့နယ် လူမှုဖူလုံရေးအဖွဲ့ ရုံးအဆောက်အအုံ၊ ရုံးခန်းများအခြေ အနေနှင့် လူမှုဖူလုံရေး၊ မြတ်မွန် အထွေထွေရောဂါကု ဆေးခန်းတို့ကို လည်းကောင်း၊ ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့နယ်    အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးခန်းများနှင့် အလုပ်အကိုင်နှင့် အလုပ် သမားရှာဖွေရေးရုံး အဆောက်အအုံ အခြေအနေ တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက     ရုံးဖွင့်လှစ်ဆောင်ရွက်မှုနှင့် ရုံးအဆောက်အအုံများ   အခြေအနေကို   လိုက်လံ ရှင်းလင်းတင်ပြကြပြီး    ပြည်ထောင်စုဝန်ကြီးက ရုံးသန့်ရှင်းသာယာလှပရေး၊ ရုံးစာရွက်စာတမ်းများ လုံခြုံရေး၊   ရုံးဝင်းအတွင်း   ပြည်သူများအတွက် ခေတ္တနားနေဆောင်များ   စီစဉ်ပေးရေး၊    ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ   ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရေးမှာကြား၍     တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်