ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်   မေ   ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်သည်   ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိ သူများနှင့်အတူ   ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်း ဒေသကြီး     လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ကနောင်ခန်းမ၌   ယာယီရွှေ့ပြောင်းနေထိုင်သူများ အား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်        နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင် သာယာ (အရှေ့ပိုင်း)  မြို့နယ်အတွင်းရှိ     ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် (၅)ဦး     ကော်မတီအဖွဲ့ဝင်များက   စိစစ်မေးမြန်း အတည်ပြုဆောင်ရွက်နေမှု၊   (၅)ဦး  ကော်မတီ၏ ထောက်ခံချက်အရ       မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏   ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုကို  လှည့်လည်ကြည့်ရှု ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။ 
ထို့နောက်   ပြည်ထောင်စုဝန်ကြီးက   အချက် အလက်များ မှန်ကန်စေရေးအတွက် ကာယကံရှင် ပြည်သူများအား သေချာစွာမေးမြန်းဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏ အချက်အလက်များကို    e-ID Server  ရှိ   အချက် အလက်များနှင့် စနစ်တကျတိုက်ဆိုင်စိစစ် ဆောင် ရွက်ရေး မှာကြားသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်    နိုင်ငံသားကတ် ထုတ်ပေးပြီးသူများအား   e-ID စနစ်ဖြင့်  ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
 အဆိုပါဆောင်ရွက်မှုတွင် လှိုင်သာယာ (အရှေ့ ပိုင်း)မြို့နယ်အတွင်းရှိ   ယာယီရွေ့ပြောင်းနေထိုင် သူများအား     ပန်းခင်းစီမံချက်    အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း      အစောင်   ၇၀  နှင့် နိုင်ငံသားစိစစ်ရေးကတ်  ၁၁၀  တို့အား     စိစစ် ဆောင်ရွက်ထုတ်ပေး၍     နိုင်ငံသားကတ်ရရှိပြီး သူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏန်း (၁၀)လုံးပါ Unique ID နံပါတ်များ တစ်ပါ တည်း ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်