ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်ခ် (Minsk) မြို့၌ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ်နှင့် Passport အတွင်းသို့ Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာ

 

နေပြည်တော်    မေ   ၅


ဘယ်လာရုစ်သမ္မတနိုင်ငံတွင်     ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင်    မင့်စ်ခ်မြို့   ပြည်ထဲရေး ဝန်ကြီးဌာန၏   နိုင်ငံသားနှင့်    လူဝင်မှုကြီးကြပ်ရေး ဌာနသို့    သွားရောက်လေ့လာခဲ့ရာ  ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့်   ဘယ်လာရုစ် ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ်  ဖွဲ့စည်းထားရှိမှု၊ စနစ် အတွက် လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊ Biometric စနစ်ဖြင့် အမျိုးသား စိစစ်ရေးမှတ်ပုံတင် စာရွက်စာတမ်းများ         သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်း     လုပ်ငန်းဆောင်ရွက်မှု၊ e-ID ကတ်နှင့် Biometric အချက်အလက်များ အသုံးပြု၍ Passport ပြုလုပ်နေပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြသကြသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၌ e-ID ကတ်နှင့်   Passport  အတွင်း  ထည့်သွင်းထားသည့် ကိုယ်ရေးအချက်လက်များ  မှန်ကန်မှု ရှိ/မရှိ စစ်ဆေး သည့် Forensic  Science Systems သို့ သွားရောက် လေ့လာခဲ့ရာ   တာဝန်ရှိသူများက   လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုတို့ကို     ရှင်းလင်းပြသ ကြသည်။ 

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်    မင့်စ်ခ်မြို့ရှိ    ပြည်ထဲရေးဝန်ကြီးဌာန၏ Cryptotech    ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှတ်ပုံတင်ရေးစင်တာသို့   သွားရောက်ကြရာ တာဝန်ရှိသူများက e-ID ကတ်နှင့် Passport အတွင်း သို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများ အသုံးပြု၍ Biometric ကိုယ်ရေးအချက်အလက်များ ထည့်သွင်းထုတ်လုပ်နေမှုတို့ကို  လိုက်လံရှင်းလင်း ပြသကြပြီး     ပြည်ထောင်စုဝန်ကြီးက   သိရှိလိုသည် များကို        ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။                                      

သတင်းစဉ်