ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အလုပ်သမားဆိုင်ရာကိစ္စများ ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်  ဧပြီ  ၄
အလုပ်သမားဝန်ကြီးဌာန၏ ခရိုင်/ မြို့နယ်တာဝန်ခံများအား လုပ်ငန်း စွမ်းဆောင်ရည်        မြှင့်တင်နိုင် ရေးအတွက်     ရန်ကုန်တိုင်းဒေသ ကြီး    ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ  ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း ပင်လုံခန်းမ ၌      ဧပြီ  ၄  ရက်မှ  ၇ ရက်အထိ ဖွင့်လှစ်မည့်      လုပ်ငန်းခွင်မွမ်းမံ သင်တန်းဖွင့်ပွဲ   အခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်  အဆိုပါ ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင် စုဝန်ကြီး  ဦးမြင့်ကြိုင်၊  ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသား   ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊  ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊    ခန်းမ အတွင်း သင်တန်းသား ၄၈ ဦးနှင့် Online မှ   သင်တန်းသား   ၇၀ စုစုပေါင်း ၁၁၈ ဦး  တက်ရောက်သည်။
သင်တန်း         ဖွင့်ပွဲတွင်   ပြည်ထောင်စုဝန်ကြီးက   ဦးစီးဌာန များမှ  အရာထမ်းများ  လုပ်ငန်း စွမ်းဆောင်ရည်       မြင့်မားလာ စေရန်နှင့်      လုပ်ငန်းခွင်အတွင်း လက်တွေ့   လုပ်ဆောင်ရာတွင် အခက်အခဲ   မရှိစေရန်   ဥပဒေ၊ နည်းဥပဒေနှင့်အညီ   ကျင့်သုံး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း         ဖြစ် ကြောင်း၊ သင်တန်းမှတစ်ဆင့်  ရရှိ သည့်        အသိပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိ စွာအသုံးချပြီး  အလုပ်သမားများ ၏ ဥပဒေပါရပိုင်ခွင့်များကို မှန်မှန် နှင့်အပြည့်အဝ  ခံစားရရှိစေရေး ထိထိရောက်ရောက်   အကောင် အထည်ဖော်  ဆောင်ရွက်ပေးသွား ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု      လေ့ကျင့်ရေး သင်တန်းကျောင်းတွင်   သင်တန်း တာဝန်ခံနှင့်       နည်းပြများက ပြည်ပနိုင်ငံများသို့   သွားရောက် လုပ်ကိုင်မည့်   အလုပ်သမားများ အတွက်      ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း     ပို့ချနေမှုကို ကြည့်ရှုစစ်ဆေး၍    လိုအပ်သည် များမှာကြားသည်။
ထို့နောက်  ရွှေ့ပြောင်းအလုပ် သမားဌာနစုတွင်  ပြည်ပနိုင်ငံများ သို့  သွားရောက်အလုပ်လုပ်ကိုင် မည့် မြန်မာရွှေ့ပြောင်းလုပ်သား များအတွက် ၁၉၉၉ ခုနှစ်  ပြည်ပ အလုပ်အကိုင်    ဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်      အလုပ် သမား     သက်သေခံကတ်ပြား (Overseas Worker Indentificat-ion Card – OWIC) ထုတ်ပေးနေမှု ကို  ကြည့်ရှုစစ်ဆေး၍  (ဝဲပုံ)သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့် ပြည်ပရွှေ့ပြောင်းလုပ်သား များကို   OWIC   ကတ်ပြားများ မှန်ကန်မြန်ဆန်စွာ ထုတ်ပေးရန် မှာကြားသည်။
ဆက်လက်၍   ပုလဲရတနာ အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းတွင် IT လုပ်ငန်းဆိုင်ရာ သင်တန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ    သုခစုစံ ဝန်ဆောင်မှုကုမ္ပဏီ၏   စက်မှု လက်မှု     ကျွမ်းကျင်လုပ်သား သင်တန်းကျောင်းတွင် Electrical သင်တန်းဖွင့်လှစ်   ပို့ချနေမှုနှင့် အခြားသင်တန်းများ၏  စာတွေ့ လက်တွေ့ သင်ကြားပို့ချမှုများကို ကြည့်ရှုစစ်ဆေး  အားပေးသည်။ ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား      ဆေးရုံကြီး (ထန်းတပင်)သို့  သွားရောက်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိကုသရန်   တိုးချဲ့ပြင်ဆင် ထားရှိမှုများ၊ ကိုဗစ်-၁၉စောင့်ကြည့် လူနာများထားရှိမည့်     ကုသ ဆောင်များ၊   ကိုဗစ်-၁၉ ပြင်းထန် အဆုတ်ရောင်လူနာများ   ဆေး ကုသရာတွင် လိုအပ်သော အောက် ဆီဂျင်ကို လုံလောက်စွာရရှိနိုင်ရန် Oxygen Generating Plant(20 Nm3/h) (Containeri-zed) ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှု များကို   လှည့်လည်စစ်ဆေးပြီး    လိုအပ်သည်များ     မှာကြားခဲ့ ကြောင်း သိရသည်။  သတင်းစဉ်