
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော် ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးများနှင့်အတူ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် ရန်ကုန်မြို့ တွင်းနှင့် ဒလမြို့တို့ကို ဆက်သွယ် သည့် မြန်မာ - ကိုရီးယား ချစ်ကြည် ရေး (ဒလ)မြစ်ကူးတံတား တည် ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစားပေးအလိုက် ဆောင်ရွက်နေ
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ရန်ကုန်ဘက်ခြမ်း ရှိ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ကိုရီးယား သမ္မတနိုင်ငံ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူး တံတား တည်ဆောက်ရေး စီမံ ကိန်း Consultant Engineer Mr. Bae က စီမံကိန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း ဦးစားပေးအလိုက် ရည်မှန်းချက်ထား ဆောင်ရွက်နေ သည့်အခြေအနေများကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံကိန်းကြီးကြပ် ရေးအဖွဲ့ခေါင်းဆောင် ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ကြော သတ်မှတ်ခြင်းနှင့် Safety Facilities လိုအပ်ချက်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သွယ်တန်းလို သည့် ၀ ဒသမ ၅ မီတာ အချင်းရှိ သော သောက်သုံးရေ ဂျိုးဖြူပိုက် လိုင်း သွယ်တန်းဆောင်ရွက်မည့် အခြေအနေ၊ ဒလဘက်ခြမ်းတွင် Toll Plaza တည်ဆောက်ရန် မြေနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဘေးအန္တရာယ်ကင်းရှင်းရေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များကို ပေါင်းစပ်ဆောင်ရွက်ပေး ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ စီမံ ကိန်းတွင် တည်ဆောက်ရေး ပစ္စည်းများ မှန်ကန်စွာအသုံးပြု ရေး၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့များ၊ စီမံကိန်းလုပ်ငန်းများ အချိန်မီ အောင်မြင်စွာပြီးစီးရေး ဦးစားပေး လုပ်ငန်းအလိုက် ပေါင်းစပ်ညှိနှိုင်း ၍ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် ဘက်ခြမ်း ချဉ်းကပ်တံတား ဆောင်ရွက်ပြီးစီးမှု၊ ဆင်ခြေလျှော တံတား ဆောင်ရွက်ပြီးစီးမှု၊ ရေလယ်တိုင်လုပ်ငန်းများ ဆောင် ရွက်နေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားသည်။
သင်္ဘောများ အန္တရာယ်ကင်းရေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒလဘက် ခြမ်းသို့ ရေယာဉ်ဖြင့်သွားရောက်၍ Toll Plaza ဆောက်လုပ်မည့်နေရာ၊ ချဉ်းကပ်တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ရေ ကြောင်းသွားလာသည့် သင်္ဘော များ အန္တရာယ်ကင်းရှင်းရေး အတွက် သတိပေးအချက်ပြများ၊ အမှတ်အသားများ ဆောင်ရွက် ထားရန် မှာကြားသည်။
မြန်မာ - ကိုရီးယား ချစ်ကြည် ရေး (ဒလ)တံတားကြီးကို နိုင်ငံ တကာတံတား သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တံတားပုံစံ ထုတ်လုပ်ရာ၌ ရန်ကုန်မြို့တွင်းသို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူး သင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေး အတွက် ပင်မတံတား ရေလမ်း ကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှော တံတား (Ramp Bridges) များ ကို အတက်၊ အဆင်း(Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်း ဈေးဆိုင်ခန်းများ၊ အဆောက်အအုံ များဖယ်ရှားမှု အနည်းဆုံးဖြစ်စေ ရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတား အရှည်တို့ ကို တွက်ချက်ဆောင်ရွက်ခဲ့သည်။
မြန်မာ-ကိုရီးယား ချစ်ကြည် ရေး (ဒလ)တံတားသည် မြန်မာ နိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်း ကင်းလွတ်အမြင့် အများဆုံးဖြစ် ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်၍ မော်တော် ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ပင်မတံတားနှင့် ချဉ်းကပ် တံတားတို့တွင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနှင့် ဆင်ခြေလျှော တံတားများတွင် တစ်နာရီ ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင် နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည် ဆောက်ထားကြောင်း သိရှိရ သည်။
သတင်းစဉ်