ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်းအပိုင်း ၂၂ မိုင် ၆ ဖာလုံ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၁ 


ဆောက်လုပ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ယမန်နေ့က  ကချင်ပြည် နယ် လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးရုံးတွင် ကချင်ပြည်နယ်အတွင်း ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် တည်ဆောက်ရေး အထူး အဖွဲ့များတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။ 
တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီးက ကချင်ပြည်နယ်အတွင်း ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ   ညွှန်ကြား‌ရေးမှူးများ အပါအဝင် အရာထမ်း/ အမှုထမ်း များနှင့် အဆင့်ဆင့်သော တာဝန်ခံ များအနေဖြင့် မိမိတို့ ဆောင်ရွက် နေသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍  မိမိတို့ဝန်ကြီးဌာန သည် ပြည်သူများ၏  လမ်းပန်း ဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ယူ     ဆောင်ရွက်ရသဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ ရာ၌   ဝန်ကြီးဌာန၏   ပုံရိပ်ကို ထိခိုက်စေသော  လုပ်ကိုင်ဆောင် ရွက်မှုများကို      အလေးထား ရှောင်ကြဉ်ရမည်ဖြစ်ပါကြောင်း။ 
တည်ဆောက်ရေး  လုပ်ငန်း များ    အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစေရေးနှင့်    သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း   အချိန်မီ ပြီးစီးရေး သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများက စနစ်တကျ ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန် သည်    ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်၍  တည်ဆောက်ရေး လုပ်ငန်းများအား Work Sched-ule  များ  ရေးဆွဲပြီး  တွန်းအား ပေး ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊    လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု   ဟန်ချက်ညီ စေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်   အညီ ဆောင်ရွက်ရန် လိုအပ်ပြီး နိုင်ငံ့ ဘဏ္ဍာရန်ပုံငွေ  လေလွင့်ဆုံးရှုံးမှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့် တို့က ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း    ရှင်းလင်းပြော ကြားကာ ဝန်ထမ်းများ၏  လုပ်ငန်း ဆိုင်ရာ တင်ပြချက်များကိုဖြေရှင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်   ကချင်ပြည်နယ်  မြစ်ကြီးနားခရိုင် လမ်းဦးစီးဌာနမှ အရှည် ၈ မိုင် ၃ ဖာလုံ  နန်ပေါင် လေယာဉ်ကွင်း ရှောင်ကွင်းလမ်း ဆောင်ရွက်ထားရှိမှုနှင့်  ရွှေဘို-မြစ်ကြီးနားလမ်းအပိုင်း ၂၂ မိုင် ၆ ဖာလုံ   ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ကချင်ပြည် နယ် လမ်းဦးစီးဌာန ညွှန်ကြားရေး မှူး(မြို့ပြ) ဦးတင်မောင်အုန်းက ၂၀၂၃-၂၀၂၄    ဘဏ္ဍာရေးနှစ် လုပ်ငန်း   ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များနှင့် ပတ်သက်၍   ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး က လမ်းအင်္ဂါရပ်နှင့်အညီ အရည် အသွေးပြည့်မီအောင်ဆောင်ရွက် ရန်၊  သတ်မှတ်လမ်းအကျယ်နှင့် လမ်းနယ်ရရှိရေး၊   ရေစီးရေလာ ကောင်းမွန်ရေးနှင့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊   လမ်း အချက်ပြများအား  ရေးဆွဲခြင်း၊ စိုက်ထူခြင်းများကို   သတ်မှတ် ထားသည့်အတိုင်း တစ်ပုံစံတည်း ဖြစ်အောင် စနစ်တကျ ဆောင်ရွက် သွားရန်     မှာကြားခဲ့ကြောင်း သိရသည်။       
         

သတင်းစဉ်